Thursday, July 5, 2012

အလုပ်သဘော အရ ဖြစ်ဖြစ် ပြုံးလိုက်ပါ ။


ကိုယ့် အခန်း ကိုယ် ရှင်းအောင် ပြင်ထားပါ လို့

ပြောပေါင်းလည်း များပြီ

စိတ်´ ယားလေတိုင်း

လူ့ဘုံခန်းဝါ အပေါ်

စိတ်ပျက်လက်ပျက် ဖြစ်လေအောင်

ပြောလား ပြောရဲ့ ...


တတ်တတ် မတတ်တတ်

သိသိ မသိသိ

ဘောင်ဘင် မခတ်လိုက်ဖို့ ...

ဘယ်သူမှ အရိယာ ပုဂ္ဂိုလ် မပါဘူး ကွယ်။

မိသားစု ခေါင်မိုးထက်က

အမှိုက်သရိုက် ကို

လက်လှမ်းမှီရာ တံမြက်လှည်း နဲ့

ခတ်ထုတ်နေရသူ ချည်း ။    ။





9th FEBRUARY 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...