ကျက်သရေ” သညာလေးရေ ...
ငါ ပျိုးတစ်ပင် စိုက်ထားတယ် ။
ငါ့ သွေးစက်တွေလည်း မှန်မှန်လောင်းခဲ့တယ် ။
သံသယ နဲ့ ကလနားတွေကိုလည်း
ပေါင်းနှုတ် ပေးခဲ့တယ် ။
သစ္စာမဲ့ခြင်းကိုလည်း ဆေးဖြန်းထားခဲ့တယ် ။
အချိန်တန်ရင်တော့ကွာ ...
ကြည်နူးခြင်းတွေ သီးကြမယ် ။
လွမ်းရှိုက်ခြင်းတွေ ရွက်ဖြာထွက်မယ် ။
လှိုက်မောမှု တချို့လည်း ငုံဖူးမယ် ။
နောက်ဆုံးမှာ ...
ကြေကြေကွဲကွဲလည်း သေဆုံးမယ် ။
ဆိုပေမယ့်လေ ...
မင့်ခေါင်းထက်မှာ ရှင်းသန့်ဖြူစင်တဲ့အခါ
ဤအပင်၏ မြတ်နိုးခြင်း အပွင့်တို့ကို
ပန်ဆင်ပါ ။ ။
12th MAY 2001
2 comments:
ကဗျာလေးက ချစ်စရာလေး ....
အချိန်တန်ရင်တော့ကွာ ...
ကြည်နူးခြင်းတွေ သီးကြမယ် ။
လွမ်းရှိုက်ခြင်းတွေ ရွက်ဖြာထွက်မယ် ။
လှိုက်မောမှု တချို့လည်း ငုံဖူးမယ် ။
နောက်ဆုံးမှာ ...
ကြေကြေကွဲကွဲလည်း သေဆုံးမယ် ။
ဒီအပိုဒ် အနှစ်သက်ဆုံးပဲ ...
ကဗျာလေးဖတ်ပြီး ကြည်နူးခြင်းတွေကို ခံစားရတယ် ..
ကြေကြေကွဲကွဲသေဆုံးတာမျိုးကိုတော့ မလိုချင်ဘူး.
ခေါင်းထက်က ဖြူစင်ရှင်းသန့်တဲ့ မြတ်နိုးခြင်း အပွင့်တွေ ဘယ်လောက်များလှနေလိုက်မလဲ
Post a Comment