Thursday, July 5, 2012

ကလေးပဲ ဆန်ချင်နေတော့တယ်


သူတကာလို

အုပ်ဆောင်းကလေး မိုးထားတဲ့

ထမင်းဝိုင်း နဲ့ ဘာ နဲ့ ...

ပြဌာန်းထားသော နားရက် ရောက်တဲ့အခါ

လှုပ် ခနဲ လူးသွားတဲ့

အကြည့်စိုစို နဲ့ ဘာ နဲ့ ...

ကျေးပိုင် ကျွန်ပိုင် ခေတ် က

အိပ်မက်လည်း ဖြစ်ချင် ဖြစ်လိမ့်မယ် ။


`ယုံကြည်မှု´ ဆိုတဲ့

တစ္ဆေ က တော့ ခြောက်လှန့်ဆဲ

သွေး နဲ့ သား နဲ့ ဖြန့်ခင်းထားသော လမ်းမ မှာ

ခြေတစ်လှမ်းချင်း အပေါ်

ဘုရား´ တ နေရတုန်း

ခက်လိုက်တာ ...

တစ်ခါ တစ်ခါ

အမှန်တရား အကြောင်း ပြောရတာ

အလိမ်အညာလောက်

အထ´ မမြောက်ချင်ဘူး ။




10th FEBRUARY 2010

1 comment:

sosegado said...

တစ်ခါ တစ်ခါ

အမှန်တရား အကြောင်း ပြောရတာ

အလိမ်အညာလောက်

အထ´ မမြောက်ချင်ဘူး

I like it.

LinkWithin

Related Posts Plugin for WordPress, Blogger...