Wednesday, July 25, 2012

အကျအဆုံးများစွာ နဲ့ ဘရုတပ်စ်



နောက်ဆုံးတော့လည်း

ငါဟာ

အကျအဆုံးများစွာနဲ့ ဘရုတပ်စ် ... ရယ် ... ပါ ။

ဘယ် ရာဇ၀င်မှာမှ မထင်ရှားလေမှန်း သိရက် နဲ့

အဲဒီ နှစ်ကာလ လုပ်ကြံမှု အကြောင်းထဲ

တဖွဲ့တနွဲ့ ကဲ့ရဲ့ခံနေရဖို့ ...

အတ္တ ဆိုတဲ့ အရောင် နဲ့

မှောင်ရီဖြာဝေ ကြတာချင်း အတူတူ

လက်လှမ်းမီရာတိုင်းကို

စူးတောက်စေရပါ့မယ် ဆိုတဲ့ ဆီဇာ့ ကတိကိုမှ

လူတွေ ...

ဘာကြောင့် ...

ယုံကြည်နေကြသတဲ့လဲ ကွယ် ...

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း

ကောင်းကောင်း နားမလည်သေးခင်

ရာစုနှစ်တွေမှာ ...

စက်မှု တော်လှန်ရေး လုပ်ဖြစ်ခဲ့ကြသလိုမျိုး ...

အခမ်းအနား ဆက်တင် နဲ့

အသုံးတော်ခံ ဇာတ်ရုပ်

အံမ၀င် ခွင်မကျခဲ့လေတော့ ...

နောက်ဆုံး

ငါဟာ

အကျအဆုံး များစွာနဲ့ ဘရုတပ်စ် ပဲ ဖြစ်ခဲ့ပါတော့တယ် ။   ။





2nd December 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...