Thursday, July 26, 2012

စိန်ခေါ်ပွဲ

လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် လှည့်စားရာ ... လမ်းတလျှောက်

ငါ ... အပြုံးမပျက်ခဲ့ဘူးနော်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် ... ကျီစားတယ် ဆိုပေမယ့်

ငါ့ ကျောမှာ ဒဏ်ရာ အထပ်ထပ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နိုင်သူ စားစတမ်း

ဒီပွဲမှာ

ငါ့ ထမင်းလုတ် နင့်ကို ခွံ့ကျွေးလိုက်မယ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

ပန်းမ၀င်ခင်

ခြေထိုးခံခဲ့တဲ့ နင့်ကို

ငါ အနိုင်ပေးထားလိုက်ဦးမယ်


ကဲ ...

လောကဓံ ... ရေ


ဒီမှာ ကြည့်စမ်း

နင် အရမ်း မြင်ချင်နေတဲ့

ရှူံးသူ့မျက်နှာ

ငါ့ ဆီမှာ ရှိ ..... မရှိ

ရဲရဲကြည့်စမ်း

ငါ့ မျက်လုံးနဲ့ ငါ့ အပြုံး

နင် ရင်ဆိုင်ဝံ့ရင်

လောကဓံ ... ရေ

ကျောခိုင်းလိုက်တော့

ငါ့ လို အပြုံးမျိုး

နင်ပြုံးနိုင်ကာမှ

ငါ့ ကို စေ့စေ့ လာကြည့်လေ ...။   ။
 SUNDAY NOON

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...