ဒီ ည
မင့်ကို တမ်းရီပြီး
သတိရခြင်း အခမ်းအနားကို ကျင်းပဖြစ် ...
မျက်လွှာကို ပိတ်လိုက်လည်း
အမြင်အာရုံထဲ ထင်မှတ်ဆဲ ...
အဲဒီ့မှာ ...
မင်းက ... ရပ် ..... လို့ ...
မျက်ဝန်းလေးတွေ နက်မှောင်နေတာ
တို့ထိကြည့်လိုက်တဲ့ အခါ နွေးအိနေတာ
ဆံစလေးများ ပိုးမျှင်စလို ညံ့သက်နေတာ
အလုံးစုံပါပဲ ...
ငါက တွေ့လိုက်ရ ...
မင့် အကြည့်စိုစိုကလည်း ငါ့ထံ စိုက်ငေးလဲ့ဖြာလို့ ...
ငါ့ အလွဲတွေ ပါကွယ် ...
ကြယ်ငယ်တွေ ရဲ့ အလင်းနှယ်
မင့် မျက်ဝန်းများ တောက်စူးကြခိုက်မှာ
အဲဒီ အငေးအလျကို ရှောင်လွှဲချိန် မရလိုက်တာ ။
ငါ့ ထံ ...
ဒီ ရင်သို့ ဆိုတဲ့ အလို့ငှာ
ယဲ့ယဲ့လေး ပြုံးသဲ့လိုက်သေး ...။
မြတ်နိုးပါသတဲ့ ...။
မင့် ကို ပိုက်ထွေးလိုပါတယ် ဆိုတဲ့
ငါ့ ကိုလည်း
ရင်ဖွင့် ဆီးကြိုလိုက်သေးရဲ့
ရစ်ကာ သီကာ နွဲ့သီ လို့ ...
စိတ်နှလုံးကို ထစ်ချုန်းဖျဖျ ဖူးပွင့်စေခဲ့
မိုးတစ်သွန်း ဖြာကျအပြီး
စွင့်လန်းသော ပန်းတို့လို ...
နေ့တွေထဲ ရှင်သန်မှုကို ပြင်းရှစေခဲ့
မင့် စေ့စိုက်မှု ဆိုတာကပဲ
ငါ့ နှစ်ကာလတွေကို သက်ဝင်နေစေခဲ့
တကယ် ...
နောက်ထပ် ... ဒီလိုညမျိုး
မင့်ကို လွမ်းရှိုက်မှုတို့ နဲ့ ... ညမျိုး
မရှိရတော့ဘူး ဆိုရင်
ငါက အားပါးတရ သေဆုံးပစ်ရဲတယ် လို့ ပြောနိုင်...
အခုတော့ ...
ငါ့မှာ ...
မင့်ဆီ တမ်းရီပြီး
သတိရခြင်း အခမ်းအနားကိုချည်း
ထည်ထည်ဝါ၀ါ ကျင်းပဖြစ်နေ ...။ ။
TRANSLATED BY
14th DECEMBER 2009
No comments:
Post a Comment