Friday, July 20, 2012

သွားနေကြ လမ်းဟောင်း



တစ်ရက်သား ...

ကိုယ့် အာရုဏ်တက် ကိုယ်

ငွေ့သွေးထားသော

အပေါ် အင်္ကျီ တစ်ထည်နှင့်

မြို့ပြဘက် လှမ်းလျှောက်ထွက်ခဲ့

ကိုယ့် အခန်းတွင်း အပူချိန် နဲ့ ကိုယ်

ခိုက်ခိုက်တုန်နေခဲ့ပြီး သွေးသား နဲ့

နေခြည်အမှီ

အစာအိမ်ဆီက တီးတိုးသံ အရ

ရွေ့လျားနေသော လက်တွေ တွေ့ရ

သာမန် ပြက်ရယ်ပြုသံ ခိုးခိုးခစ်ခစ်ကြားမှာ

ကိုယ့် စိတ်လိုလက်ရ ဖြစ်မှုလေး ပါ မသွားဖို့

သည်းသည်းထန်ထန်

မြည်ညံနေသော ဟစ်ကြွေးသံတွေ ကြားရ

ဒီ တစ်မနက်စာလေးကပဲ

တစ်ဘ၀တာလုံး ဖြစ်သယောင်

ရွှေရောင်လက်လက် ဟီးထခြင်းကို မြင်ရ

ခင်ဗျား လဘ္ဘရည်ဖိုး ဆိုတာထဲ

ကျွန်တော်တို့ တစ်နေ့တာ အထိကရုဏ်း အထိ

တာရှည်ပါတယ် ဆိုတဲ့

တောင်းပန်တိုးလျှိုး ပြယုဂ် ကို

အခြားတဘက် လှည့်ပစ်ရဲတဲ့ သတ္တိသွေးတို့ကိုလည်း မြင်ရ

အကျအပေါက် မတည့်တာ

သား တစ်ယောက်တည်း မဟုတ်မှန်း

သိပါပြီ ... အမေ ...။

ကြားဖူးနားဝပဲ ရှိတဲ့ ဒြပ်ထည်တွေကလည်း

မိန့်မြွက်ကြပါတယ် ...

ဘ၀ ဆိုတာကိုက

ကိုယ် လုပ်ခွင့်ရသလောက်လေးပဲ

လုပ်နေကြရတာမျိုး ... တဲ့ ...။   ။





16th DECEMBER 2009

3 comments:

ကြည်ဖြူခင်ခင် said...

မှန်ပါ့.. ကဗျာလေးကို သုံးခေါက်တိတိဖတ်ခဲ့ပါတယ်.. အရေးအသားတွေမြင့်နေတော့လည်း အဓိပ္ပါယ်ပိုပြီး ပေါ်လွင်သိမြင်ဖို့ပေါ့ရှင်.. တကယ်တော့.. ဘ၀ဆိုတာ.. ကိုယ်လုပ်ခွင့်ရသလောက်လေးပဲ.. လုပ်နေကြရတာ.. မှန်တာပေါ့..

စံပယ်ချို said...

ဘ၀ ဆိုတာကိုက
ကိုယ် လုပ်ခွင့်ရသလောက်လေးပဲ
လုပ်နေကြရတာမျိုး ... တဲ့ ။
မှန်လိုက်တာရှင် ကိုယ်စိတ်က ပိုပြီးလုပ်ချင်လဲ
ကံကြမ္မာကဘယ်လိုမှလုပ်ခွင့်မပေးဘူးနော်

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကို ကောင်းလွန်းတဲ့ ကဗျာလေးပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...