Friday, July 6, 2012

ကဗျာသမား


ရစ်သမ်´ နားလည်လား လို့ မေးရင်

ယောင်တိယောင်န ...

နရီ ၊ ကာရံ ဆိုလည်း နှစ်သက်မိရုံ

ကဗျာ ဆိုတာ ...

အမှတ်တရ လိုလို ...

ဒိုင်ယာရီ လိုလို ...

ကရော်ကမည် ရေးသားရတဲ့

ဘာသာရပ်မျိုးလည်း မဟုတ်

လက်လှမ်းမှီနိုင်တာထက်

ကဗျာဓာတ် ပါသော ကဗျာတွေနဲ့

တရင်းတနှီး ရှိတတ်ဖို့

ကဗျာဆရာ လို့ မခေါ်လိုက်ပါနဲ့ဗျာ

ကဗျာ ဆိုတာ နဲ့

နားစွင့် ...

ငဲ့လှည့် ...

အာရုံသက်ရောက်တတ်သော စိတ်အလိုအတိုင်းသာ

ရူးမူးမိခြင်း မျှ ... ။   ။




7th JANUARY 2010

2 comments:

သိင်္ဂါကျော် said...

ရစ်သမ်လည်း နားမလည်ဘူး.. ကာရံလည်း နားမလည်ပါဘူး.. ကဗျာတွေကို ရစ်မူးမိရုံ သက်သက်ပဲ.. :)

ချော (အစိမ်းရောင်လင်ပြင်) said...

ကဗျာကို သိပ်မရေးတတ်ဘူး
သူများကဗျာလေးတွေ ဖတ်ရတာတော့ သဘောကျတယ်။
ဘယ်လိုကဗျာဖြစ်ဖြစ် နှစ်သက်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...