မင့် ရယ်မောလိုက်ပုံ ကိုလည်း ငါက မြတ်နိုးလှရဲ့
မင့် အပြုံးသွယ်သွယ် ကိုလည်း ငါက နှစ်သက်လွန်းရဲ့
မင့် အလှအပ ၊ မင့် အလိမ္မာ ၊ မင့် ဟန်မူရာ တို့ နဲ့
အိမ်ခန်းတစ်ခုကို နွေးထွေးစေသော နည်းနာ မင့်မှာ ရှိရဲ့ ...
မင့် အပြောတွေ ကြားနေရတာကလည်း ငါ့ကို ရွှင်ပျစေခဲ့
မင့် သီဆိုမှုကို ကြားနေရတာကပဲ မင့် အပေါ် နှစ်ခြိုက်လာစေခဲ့
မင့် ရင်ခုန်ခြင်းတရားကလည်း သမရိုးကျတေး ကိုတောင်
ပဉ္စလက်ဆန်သော မှော်ဝင်မှုဆီ ပြောင်းလဲနိုင်စွမ်းရဲ့
မင့် ပွေ့ဖက်မှုတစ်ခုမှာလည်း ယစ်မူးလိုရဲ့
မင့် နမ်းရှိုက်ခြင်းမှာလည်း ပျော်ဝင်လိုက်ချင်ရဲ့
မင့် နှုတ်ခမ်းဖျား ရဲ့ နှစ်လိုဖွယ် ဆန္ဒက
ငါ့ နှလုံးအိမ်မှာ ချမ်းမြေ့ကြည်နူးခြင်းများ နဲ့ ပြည့်ဝစေခဲ့
ငါ့ ရင်ခွင်ကြားမှာ မင်း ရှိနေဖို့ရာလည်း လိုလားပါရဲ့
မင့်ကို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ရမှာကိုလည်း သိမ့်မူးပါရဲ့
ဒီလို ညကို ကုန်လွန်စေရင်း
မင့် အသက်ရှူသံ နွေးပျပျကို နားဆင်သွားချင်ရဲ့
ခဏငယ်တိုင်းမှာ မင့် အပေါ် ချစ်နေမိပါတယ်
ငါ့မှာ ... ဟိုးအစ ...
မင်းက ငါ့ ချစ်သူလေး မဖြစ်ခင်
ရှင်းလင်းသော ငါ့ နှလုံးသားဆီ မင်းမခိုဝင်ခင်ကတည်းက
မင့်ကို မြတ်မြတ်နိုးနိုး ရှိခဲ့ပေါ့ ...။ ။
TRANSLATED BY
27th FEBRUARY 2008


No comments:
Post a Comment