Thursday, July 5, 2012

ဆတ်ဆော့ထားသော အတွေးတစ်စ


 ၁၆၈ နာရီ အတွင်း

၁ နာရီ ပဲ

စိတ်ကူးတွေ ဘာတွေ ယဉ်

ရုန်းရုန်းကန်ကန် ဥပဒေသ က

လူဖြစ်ရခြင်း အပေါ်

ပြဌာန်းလား ပြဌာန်းရဲ့

အစပ်အဟပ် တည့်အောင်

စီမံထားသော မနက်စာ ပါ တဲ့

အမေကတော့ ပြောပါတယ် ။

ကိုယ့်လက် ကိုယ့်ခြေ

ကိုယ့်ဝင်း ကိုယ့်ခြံ

တွေးစိတ် အရ သာ

မြိန်မြိန်ဆိမ်ဆိမ် ခံတွင်းမလိုက်မိ

သူတို့ သူတို့

ခိုးခိုးခစ်ခစ်တွေထဲ

အမေ့သားလည်း ပါလိုက်ချင်တာလေ ...

ဘာရယ်တော့ မဟုတ်ပါဘူး ။

ဆင်ခြင်တုံတရား အကြောင်း

ထူးထူးပပ မဖွဲ့နွဲ့ဖြစ်တဲ့

ဒီနေ့မှာမှ

ကျရာ ပေါက်ရာ စကားစပ်မိသလို

ပြောဖြစ်တဲ့ အခိုက်အတန့် မျှ ...။





25th JANUARY 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...