သူမဟာ
လှပတိမ်းမူးခြင်းမှာ လမ်းသလားနေရဲ့ ...
ကြယ်စင်ကောင်းကင် နဲ့ တိမ်ပြင်မဲ့ရာသီတွေ ရဲ့ ညလို ...
အမှောင်ပိန်းပိန်း နဲ့ အလင်းဖြာဖြာဝေ
နက်မှောင်သော တောက်ဖြာဝေမှု အားလုံးကို
သူမ ရဲ့ သွင်ပြင်လက္ခဏာ
သူမရဲ့ မျက်လုံးတွေမှာ တွေ့ရ
ကောင်းကင်ဘုံကနေ
သာယာသောနေ့ အဆုံးတွေဆီ အထိ
ကြင်နာသွားမယ့် အလင်းမျိုး
အဲဒီ့မှာ ရွှန်းရွှန်းလက်ထ ...
တစ်မျိုးသော အရိပ်လွှမ်းလေ
တစ်မျိုးသော ရောင်စဉ် ပါးလျလေ
တချို့ တချို့ကတော့
အမည်ပေးလို့ မရတဲ့ တင့်တယ်ပြေပြစ်မှုကို လျော့ပေါ့စေ
ဆံနွယ် ဖျော့အိတိုင်းမှာလည်း လှိုင်းတွေ ရှိသလို ...
ဒါမှမဟုတ်
သူမ မျက်နှာထက်မှာ
ညံ့သက်တဲ့ အလင်းနုတစ်မျိုး သိုင်းယှက်ထားသလို ...
အတွေးတို့ တိုးတိတ်တိမ်းမူးစွာ ရွေ့လျားရာအတိုင်း ...
ဘယ်လောက် ရိုးစင်း
ဘယ်လောက် နှစ်လိုဖွယ်ရာ အဲဒီ့ ဖူးရွနုသစ်မှု တို့ တည်မှီရာ နေရာ ...
နောက် ...
အဲဒီ့ ပါးပြင်ထက်မှာ ၊ အဲဒီ့ မျက်လွှာပြင်ထက်မှာပဲ
သိမ်မွေ့လွန်း ၊ ချမ်းအေးလွန်းနေပြန် ...
အငြိမ်သက်ဆုံးတော့လည်း မဟုတ် ။
အပြုံးတို့နဲ့ အနိုင်ယူ
မှိုင်းရီညိုဝေပြီး ကျူးရင့် ...
ဒါပေမင့် .....
နုပျိုလန်းသစ်မှုတို့ လွန်မြောက်တဲ့ နေ့တွေ အကြောင်း ပြောရရင်တောင်
အရာအားလုံးရဲ့ အနိမ့်အမြင့် နဲ့ တကွ
ငြိမ်းအေးတဲ့ စိတ်တစ်ခု ...
ချစ်ခြင်းတရား နဲ့ ထုံမွှမ်းထားရှိတဲ့ နှလုံးသားတစ်ခု ...
ရိုးသားဖြူစင် ရှင်းသန့်နေတော့တာ ...။
TRANSLATED BY
No comments:
Post a Comment