ကိုယ့် ဒုက္ခ ကိုယ် ရှာခဲ့တဲ့ လမ်း
ရနံ့က လေညှင်းကို မရှောင်နိုင်တာလား
လေညှင်းက ရနံ့ကို မရှောင်နိုင်တာလား
တကယ်ဆို အချစ်မှာ အပြစ်မရှိပါဘူး ။
ဒဏ်ရာ အနာတရတွေ နဲ့
စည်းအပြင်ရောက်နေတာကလွဲလို့
ကဗျာဆရာ ဆိုတာလည်း လူ ပဲ
ဒုက္ခ နဲ့ တစ်ခါတွေ့တိုင်း
မိန်းမတစ်ယောက် ရဲ့ ရင်ခွင်ထဲ
တိုးဝှေ့ငိုရှိုက်ပစ်လိုက်ချင်တာပေါ့ ...
မပိုပါဘူး
ဒီ့ထက် မပိုပါဘူး
မလိုပါဘူး
ရမ္မက်တွေလည်း မလိုပါဘူး
ဆိတ်ကွယ်ရာ အမှောင်ထဲ
ကမ္ဘာပေါ်မှာ
ဘယ်သူမှ မပြောဘူးသေးတဲ့
စကားတစ်ခွန်း နဲ့
မင်း ရဲ့ အသံလေးကိုပဲ
ပြစ်မှားမိခဲ့တဲ့ ငါ
တကယ်ဆို
အချစ်မှာ အပြစ်မရှိပါဘူး ။
ရနံ့က လေညှင်းကို မရှောင်နိုင်တာလား
လေညှင်းက ရနံ့ကို မရှောင်နိုင်တာလား
တကယ်ဆို အချစ်မှာ အပြစ်မရှိပါဘူး ။
ဒဏ်ရာ အနာတရတွေ နဲ့
စည်းအပြင်ရောက်နေတာကလွဲလို့
ကဗျာဆရာ ဆိုတာလည်း လူ ပဲ
ဒုက္ခ နဲ့ တစ်ခါတွေ့တိုင်း
မိန်းမတစ်ယောက် ရဲ့ ရင်ခွင်ထဲ
တိုးဝှေ့ငိုရှိုက်ပစ်လိုက်ချင်တာပေါ့ ...
မပိုပါဘူး
ဒီ့ထက် မပိုပါဘူး
မလိုပါဘူး
ရမ္မက်တွေလည်း မလိုပါဘူး
ဆိတ်ကွယ်ရာ အမှောင်ထဲ
ကမ္ဘာပေါ်မှာ
ဘယ်သူမှ မပြောဘူးသေးတဲ့
စကားတစ်ခွန်း နဲ့
မင်း ရဲ့ အသံလေးကိုပဲ
ပြစ်မှားမိခဲ့တဲ့ ငါ
တကယ်ဆို
အချစ်မှာ အပြစ်မရှိပါဘူး ။
ရိုးဒီ
23rd APRIL 2008
No comments:
Post a Comment