Friday, July 27, 2012

အမည်မဲ့ (၂)

အကယ်၍

နှင်းဆီခင်းထဲမှာ

မြက်ပင်လေးတစ်ပင် ပေါက်နေမယ် ဆိုရင်

နှင်းဆီပင် အနှုတ်ခံရမလား

မြက်ပင် အနှုတ်ခံရမလား

ဒီလိုနဲ့

မြက်ပင်လေး မသေခင် ပြောသွားတယ်

နာကြည်းစွာနဲ့ပေါ့ ...

ဟိုတစ်ချိန်တုန်းက

ဒီနေရာမှာ

မြက်ရိုင်းတောကြီးသာ ရှိခဲ့တာ

မမေ့ပါနဲ့ ...။   ။

SUNDAY NOON

2 comments:

AH said...

ဒီကဗျာလေး ကြိုက်တယ်ဗျာ... Civilization တိုးတက်လာရင် ကျုပ်တို့လည်း မြက်ပင်တွေလို အနှုတ်ခံရဦးမပေါ့......

မောင်ရေချမ်း said...

ကဗျာခေါင်းစဉ်က ဆွဲဆောင်လို့ သေသေချာချာ ဖတ်လိုက်မိ ၊၊ ပေးချင်တဲ့မတ်ဆေ့လေးကိုသဘောကျခဲ့ရပါတယ်ခင်ဗျာ ဆက်လက်ထုဆစ်နိုင်ပါစေ

LinkWithin

Related Posts Plugin for WordPress, Blogger...