Thursday, July 26, 2012

သက်ရင့်ကျောက်


မိုးရေကျပြီး

ပိန့်ခွက်နေတာလည်း ရှိရဲ့

မြူဆိုင်းရာသီများအရ

ကျစ်လစ်လာတာလည်း ဖြစ်ခဲ့

ဒီနေ့

အနည်ကျတာများရင်

မနက်ဖြန်

အလွှာတစ်ထပ် ပိုလွှမ်းပစ်လိုက်တာပဲ



လေထဲ ပါလာတဲ့ သဲများ

ထိခိုက်ချိန်မှာတော့

ပွန်းပဲ့သွားတာလည်း ရှိခဲ့ပေါ့

တောပန်းကလေးတွေ

အော်ပရာကိုလည်း

အစက အဆုံးထိ ကြည့်လိုက်ရပါရဲ့

လူသူဝေးရာ

တသွေးတမွေးပဲမို့

လူကြားသူကြား

တောက်တောက်စင်စင် ဆိုတာမျိုး မလို


အသေအချာ

အချိန်ယူထားတာကိုက

မာကျောမှုအကြောင်းတရားသက်သက်

ကြွင်းကျန်ရစ်ဖို့ပဲ ဖြစ်တယ် ။   ။





PM 4:00 24th JULY 2008

1 comment:

မြတ်မွန် said...

အသေအချာ

အချိန်ယူထားတာကိုက

မာကျောမှုအကြောင်းတရားသက်သက်
:)

LinkWithin

Related Posts Plugin for WordPress, Blogger...