ခိုးရာလိုက်စဉ်တုန်းက
ကျောပိုးအိတ်ကလေး ကို
ဇစ်ဖွင့်သံ ကြားရတယ်။
အမေ့ ရဲ့ ဆွမ်းထချက်သော
မီးခိုးငွေ့ကြားမှာ
နှာသီးဖျားလေး အတွက်
စိုးထိတ်နေခဲ့မိသေးရဲ့လေ ...
တစ်သက် တစ်မင်္ဂလာပါကွယ် ...။
စောင်လွတ်နေတဲ့ သား” ကို
ချည်ထည်ကလေး ထူထဲပေးလိုက်ရမှာတောင်
မင့် သက်ပြေသက်ညွှန်းများ
အကျအပေါက် မတည့် ဖြစ်မသွားစေလိုစိတ်နဲ့
တိုးတိတ်နေလိုက်ပါရဲ့ ...
ခွင့်လွှတ်ပါ နော် ...
မင့် အိပ်မက်ထားသလောက်
မီးရှူးတန်ဆောင် မှာ
ငါ့ ထွက်သက်က ပျ တဲ့ အလင်းက
မှိန်ဖျော့လျော့တော့ နေခဲ့တာကို ပေါ့ ...
လက်မပြ နှုတ်မဆက် သွားခြင်းအပေါ်လည်း
ကျေးဇူးတင်မိပါရဲ့ ...
မနက်ဖြန် လို့
မင်း တွေးထားတဲ့ အခု မနက် မှာ
လွမ်းဆွတ်ခြင်း နဲ့ အတူ
ဒါဟာ ...
ညလို့ပဲ ယူဆလိုက်ပါတော့တယ် ။
30th NOVEMBER 2009
2 comments:
မင့် သက်ပြေသက်ညွှန်းများ
အကျအပေါက် မတဲ့ ဖြစ်မသွားစေလိုစိတ်နဲ့
တိုးတိတ်နေလိုက်ပါရဲ့ ... .. ..
ဒီကဗျာလေး က အရေးအသားလေးကို သဘောကျမိတယ်..
မနက်ဖြန် လို့
မင်း တွေးထားတဲ့ အခု မနက် မှာ
လွမ်းဆွတ်ခြင်း နဲ့ အတူ
ဒါဟာ ...
ညလို့ပဲ ယူဆလိုက်ပါတော့တယ် ။
Post a Comment