ည ရဲ့ ကောင်းကင် ... အဲဒီ့မှာ ၀င်းမွတ်လင်းပြက်
မင့် မျက်ဝန်းထဲ ကြယ်ကကြိုးနဲ့ အလင်းကို တန်ဆာဆင်ထားလိုက်
အပြောက်အမွန်းများ စိုရွှမ်းဆဲ အကြည့်မှာ
နှောင်တည်းထားတဲ့ တွယ်ငင်မှုကိုလည်း တွေ့ရပေါ့ ...
မျက်ဝန်းတွေကတော့ ၀ိဥာဉ် ရဲ့ ပြူတင်းတွေဆို ...
နှလုံးသားရဲ့ တကယ့် လိုအပ်မှု ဆီထိ မြင်သာထင်သာအောင် လှစ်ဟကြ
အချက်ပေးသံတွေ ကြားရဖို့ကော ဘာများ ပေးအပ်ရမတဲ့လဲ ?
သစ်စေ့လေး တစ်စေ့ ရှင်သန် လူးလွန့်လာသလို ...
အဲဒီ့ လင်းပွင့်နေမှုဟာ လောင်ကျွမ်းမီးတောက်တစ်ခုနှယ် ပြာရီ
အခုပဲ စိမ့်ဖြာတောက်ကျူးတော့မယ့် လိုအင်မျိုး နဲ့
ဖြစ်မှု ပျက်မှု အစုစုကပဲ ရိုးစင်းသော မစောင့်ထိန်းနိုင်မှုကို ဖြစ်စေပြီး
အခြားသောအရာများနဲ့ ပတ်သက်လို့ နှလုံးသားမှာ သိရှိပါစေလိမ့်မယ် ။
မျက်ဝန်းတွေမှာ မင်း ခံစားထားမိတဲ့ ချစ်ခြင်းတရားအကြောင်းကို ခင်းကျင်းထား
နှလုံးသားကိုလည်း ပြန့်ပြန့်ကားကားပဲ လှစ်ဟဖို့ ...
ငါ့ ၀ိဥာဉ်ကတော့ တသားတည်းကျမှုဆီပဲ ချဉ်းနင်းဝင်ရောက်ပြီး
အဲဒီနောက် မင်းက ငါ့ နံဘေးမှာ ငါ နဲ့ အတူ လျှောက်လှမ်းလို့ ပေါ့ ...
ချစ်ခြင်းတရား ဆိုတာက ငါ မင့်ဆီ ပေးအပ်လေတဲ့ လက်ဆောင်မွန် မို့
ငါ့ နှလုံးသားကို မင့်အတွက် ကွန်းခိုဖို့ရာ သိမ်းဆည်း
တကယ်လို့ ငါ့လိုသာ မင့်က ချစ်ခြင်းတရားကို ထိရှ ခံစားမိမယ်ဆို
ငါ့ တို့ နှလုံးအိမ်တွေမှာ သိမ့်နွေးထွေးပျပြီး အေးစက်ခါးသီးမှုတို့ကို
တံခါးလို ... ဓါးလို ...။ ။
TRANSLATED BY
3rd September 2007
No comments:
Post a Comment