တစ်ခါက …
ရင်ဘတ်ထဲ ဟောင်းလောင်း ပစ်ချခံရတဲ့
ဒီ နှုတ်ခမ်းတွေက
ငါ့ ကလီစာတွေကို
တစစီ ကိုက်ဖဲ့သွားဖူးရဲ့ …
တစ်ခါက …
ရင်ဘတ်ထဲ ဟောင်းလောင်း ပစ်ချခံရတဲ့
ဒီ ပက်စက်မှု က
ငါ့ ကဗျာ တချို့ကို
သိုသိပ်စွာ ခိုးယူသွားဖူးရဲ့ …
တစ်ခါက …
ရင်ဘတ်ထဲ ဟောင်းလောင်း ပစ်ချခံရတဲ့
မင်း က
ငါ့ ရယ်သံတွေကို ရိုက်ချိုး
ငါ့ အလင်း တံခါးကို တိတ်တိတ် ကန့်လန့် (ဂလန့်) ထိုးပြီး
ငါ့ ကို ပြုစု ယုယပေးသတဲ့ …။
ပီတိကို အာသီသ ရှိဖို့
လိုအပ်တဲ့အခါ
ဥဒ္ဓစ္စ ကို သွေးသားဆန္ဒ နဲ့
ထည့်ပေါင်းခဲ့မိတဲ့ ...
ဥဒ္ဓစ္စ ကို သွေးသားဆန္ဒ နဲ့
ထည့်ပေါင်းခဲ့မိတဲ့ ...
ငါ့ မှာတော့
ပန်းနံ့တွေ နဲ့ လက်ကို
ပျားကိုက်မှာ စိုးလို့
တစ်ဘ၀လုံး မအိပ်လိုက်ရဘူး ။
1st MARCH 2001


No comments:
Post a Comment