Tuesday, July 24, 2012

ဘယ်အချိန်များ



ချစ်သူရေ …

ကြယ်စင်လို တောက်ပတဲ့

မင်းမျက်ဝန်းတွေကို ငါ စောင့်ကြည့်ပါရစေ

ဘယ်အချိန်များ

ငါ့ဘက် ငဲ့ကြည့်လိမ့်မလဲ ရယ် … လို့


နှင်းဆီလို ငုံဖူးတဲ့

မင်းနှုတ်ခမ်း နီထွေးထွေး အစုံ ဆီလည်း

ငါ စောင့်ကြိုပါရစေ

ဘယ်အချိန်များ

ငါ့ကို တမ်းမူးစေလိမ့်မလဲ ရယ် … လို့


ဂွမ်းစလို နူးညံ့တဲ့

မင်းပါးပြင်တွေကိုလည်း

ငါ စောင့်စားပါရစေ

ဘယ်အချိန်များ

နမ်းဖျခွင့် ရလိမ့်မလဲ ရယ် … လို့


မျှော်လင့်ခြင်းပေါင်း များစွာ အတွက်

မင်း နှလုံးသားကို

ငါ အသေအချာ စောင့်လင့်နေပါ့မယ်

ဘယ်အချိန်များ

အသက်ပါပါ

ငါ့ ရင်ဦးခန်း အကြောင်း တွေးသိလိမ့်မလဲ ရယ် … လို့





21st SEPTEMBER 2000

2 comments:

လွင်ပြင်လှိုင်းငယ် said...

အား ပါးပါး...ကဗျာလေးက လှမှလှ

သိင်္ဂါကျော် said...

စောင့်နေတာ ချစ်သူ သိပါစေ.. :P

LinkWithin

Related Posts Plugin for WordPress, Blogger...