Friday, July 6, 2012

မိုးတွေ ရွာစေ

ထီးတစ်လက် အတွက်

ထီးတစ်လက်က

တာဝန်မယူနိုင်တဲ့ ခရီး

ခြေရာတွေသာ အထပ်ထပ်

အဆွေးဆွေး

အငြိမ့်သမတစ်ယောက်လို

မီးရောင်အောက်မှာ ရွာတဲ့မိုး

အလွမ်းစက်လက်

လျှပ်စီးခေါ်ရာ

တစိမ့်စိမ့် ၀ိဥာဉ်

စနေသား နဲ့ စနေမိုးလို

မျောနေဆဲ

အိပ်ခန်းထဲက ၀တ္ထု

ဇာတ်ကောင်ကိုယ်စား ငိုမိတယ်
ရိုးဒီ

Fashion Magazine JULY 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...