Thursday, July 26, 2012

မပြောဖြစ်လိုက်တဲ့ စကား


ပျိုးလက်စ ပန်းကလေးဆီက

အငုံအဖူးလေး လန်းစွင့်လာတာ မြင်ရသလို …

လျှောက်နေကြ လမ်းကလေး ဆီက

လေညှင်းနံ့ကို ပြန်ကြားရသလို …

အရာအားလုံး ဆီက လှည့်ထွက်လာခဲ့ချိန်မှာ

မင်း အသံငယ်တွေက

ဒီ အိပ်မက်တွေ ရဲ့ အစပေါ့ …


ကိုယ့် အတွေးတွေ နဲ့ ကိုယ်

ဝမ်းနည်းခဲ့ရလေတိုင်း …

ကိုယ့် ခြောက်အိပ်မက်တွေ နဲ့ ကိုယ်

အုံဖွဲ့ထွေးယှက်လာလေတိုင်း …

ဖြူစင်လွန်းတဲ့ မင်းက

ကိုယ့်ကို ပြန်လည် လန်းဆတ်စေခဲ့ပေါ့ …


ဒီထက် ပိုလှမယ့်

မနက်ဖြန်တွေကိုတော့

မျှော်လင့်မိပါရဲ့လေ …

တောင်ကုန်းတွေ ဆိုတာ

မမြင်ရတဲ့ ချောက်ကမ်းပါးတွေ

ရှိတတ်လွန်းလို့သာ အားငယ် …


တော်ပါပြီကွယ် …

မင့် ထံပါး တစ်ခါတစ်ခါ

( ကိုယ့် အခြေအနေ ကိုယ် မေ့ထားပြီး )

အတူ ရှိခွင့် ရထားတာ နဲ့ ပဲ

ငါ့ အသက်ရှူသံတွေ ငြိမ့်ညောင်းစိုပြေရှိခဲ့ပြီပဲ

လက်ပြ နှုတ်ဆက် သွားကြရမှာ ထက်စာရင်

လက်ချင်းနွေးနွေး ထွေးထားချင်မိတာလေးကိုတော့

စိတ်ကို စိတ် နဲ့ ဖြေသာခဲ့ပေါ့ …။   ။



No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...