Monday, July 9, 2012

စကားပြောခန်း

 
မြို့ပြ ...

သတင်းအချက်အလက် နဲ့ ဆက်သွယ်ရေး နည်းပညာ ...

ငါးထောင်ကျပ်တန် ၊ တစ်သောင်းကျပ်တန် စက္ကူ ...

အထူးလျှော့ဈေး လက်ကိုင်ဖုန်း ...

ALTER SHIRT ၊ QUARTER SKIRT

စိတ်မှတ်ကို ၀င်သက်ထွက်သက် မပြတ်ရှုမှတ်

၂၁ တောစပ် ရဲ့ ဒုတိယ ခင်တန်း ကို

ရောက်လုပေါ့ ...



စဉ်ဆက်မပြတ် ကူးလွဲနေသော ရှုခင်းများ´ ပုံ ဟာ

ရထားတစ်စင်း ရဲ့ ပြတင်းက မြင်ကွင်းလို

ကျင့်ဝတ်တွေ ထက် ရုပ်ဝတ္ထုပစ္စည်းတွေက

ပိုပြီး ပွင့်လက်သောနေ့ ...

ကောင်မလေးကို ...

တောင်ပေါ်မြို့လေး ၊ လိမ္မော်ခြံလေးတစ်ခြံ

ရိုးရှင်းသော ဘ၀တွေ ၊ ဘာတွေ

ပြောမိတော့ ...

သူမက ရယ်သွမ်းသွေးတယ် ။   ။






PM 8:08 4th JANUARY 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...