Monday, July 30, 2012

ထုသားပေသားကျတဲ့နေ့



ပျို့တက်လာသော အုံကြွမှုကို

မျိုချမိသည့်နောက်

အစာမှားသလို ဘာလိုလိုဖြစ်ခဲ့

(တကယ် ဖြစ်ခဲ့တယ် ။)

၂၁ တောစပ်အ၀င်ဝ မှာ

ငါ ဟာ ...

သွေးသားအတွက် လေး ၊ မြှား တို့ကို စွန့်ပစ်ခဲ့သူ …

ကြိုးစားခြင်းကို လေးလုံးစပ်၍ ရယ်ပွဲ ဖွဲ့ခဲ့သူ …

ဦးတည်ရာမဲ့ ကောက်ကြောင်းတို့နဲ့ ရှုပ်ထွေးခဲ့သူ …

(ဘယ်လိုလူလဲ …?)

ဒီလိုလူ အတွက်

`အိမ်´ကို နှစ်သက်ဖြစ်ရင်တောင်မှ

ကြမ်းအခင်းကို ဘီး (ဘိမ်း) လုံးတပ်

ငှက်မွှေးအကာ တို့ နဲ့ ပြည့်နှက်ဘိတဲ့

`လေထဲက တိုက်အိမ်´သာ ဖြစ်လောက်ရဲ့လေ ။


သွေဖည်နေခဲ့ပြီး ပြည့်စုံကျေနပ်မှု တို့မှ

ငါ့ကိုယ်ငါ ပက်လက်မျှောဖို့ရာ

လူတကာ ရဲ့ တံတွေးခွက်ကို လိုက်ရှာခဲ့

(ရှာသလိုလို လုပ်ခဲ့တာ …)

အစပြုဖို့ရာ လည်း စူးစမ်းရင်းမှာပဲ

အံ့သြထိတ်လန့်ဖွယ်ရာ

အစ ဟာ အဆုံးသတ်ခဲ့ပြီ ဖြစ်ကြောင်း သိခဲ့ရ

ငါ့ကိုယ်ငါ သဂြိုလ်ဖို့ရာ အတွက်

တစ်ဘ၀တာလုံး ဈာပန စရိတ်ကို လိုက်ရှာရမယ့် အဖြစ် …

ဖြစ်ရပ်တိုင်း သည် အဓိပ္ပာယ် ကိုယ်စီ ရှိသည် ဆိုပါအံ့

အဓိပ္ပာယ် တိုင်း အတွက် ဖြစ်ရပ်တို့ကို သာဓက ပြပါ ။
 



23rd September 2001

4 comments:

ချော (အစိမ်းရောင်လင်ပြင်) said...

ခုခေတ်မှာ သဂြိုင်္လ်စရိတ်တွေ ဈေးကြီးတယ်
တစ်ဘဝလုံးစာအတွက်ဆိုတော့ တော်တော်ကုန်ကျများမယ်...

Angelhlaing(May everybody be happy and healthy! said...

သွေးသားအတွက် လေး ၊ မြှား တို့ကို စွန့်ပစ်ခဲ့သူ …

ကြိုးစားခြင်းကို လေးလုံးစပ်၍ ရယ်ပွဲ ဖွဲ့ခဲ့သူ …

ဦးတည်ရာမဲ့ ကောက်ကြောင်းတို့နဲ့ ရှုပ်ထွေးခဲ့သူ …

အဖြူရောင်နတ်သမီး said...

ဒီလိုလူ အတွက်
`အိမ်´ကို နှစ်သက်ဖြစ်ရင်တောင်မှ
ကြမ်းအခင်းကို ဘီး (ဘိမ်း) လုံးတပ်
ငှက်မွှေးအကာ တို့ နဲ့ ပြည့်နှက်ဘိတဲ့
`လေထဲက တိုက်အိမ်´သာ ဖြစ်လောက်ရဲ့လေ ။

ကိုတူး said...

`အိမ်´ကို နှစ်သက်ဖြစ်ရင်တောင်မှ

ကြမ်းအခင်းကို ဘီး (ဘိမ်း) လုံးတပ်

ငှက်မွှေးအကာ တို့ နဲ့ ပြည့်နှက်ဘိတဲ့

`လေထဲက တိုက်အိမ်´သာ ဖြစ်လောက်ရဲ့လေ ။

LinkWithin

Related Posts Plugin for WordPress, Blogger...