Monday, July 9, 2012

ရင်တစ်ကိုယ်စာ


ပုခုံးကို တစ်ချက် ပုတ်သွားလည်း ...

နာလိုခံခက်ခြင်း အပေါ်

အဖျားခတ် သွေးဆွသွားလည်း ...

ခင်ဗျား လကုန်ရက်

သူ့ အများသူငါ ဂုဏ်ဒြပ်လောက်

မလှပဘူး ပြောသွားလည်း ....

ခြေသံနောက်

အရိပ်နောက်

တကောက်ကောက် လိုက်နေရတယ် ချည်း

မတွေးလိုက်ပါနဲ့ ...

ခေတ် မဟုတ်ဘဲ ...

စနစ် မဟုတ်ဘဲ ...

ခင်ဗျားတို့ ကျုပ်တို့ ...

သံသယ ရှိစရာတွေတော့ အများသား ...

လက်ဖျံ တစ်ရှိုက်စာ ပဲ တတ်စွမ်းရင်

လက်ဖျံ တစ်ရှိုက်စာ နွေးဖျဖို့

တစ်ယောက် အမှောင်မှာ

တစ်ယောက် စူးတောက်ခွင့် မရတာပဲ သေချာခဲ့

ကြယ်ကြွေခြင်း ကို

စောင့်လင့်ပြီး သာ

ဆုတောင်းနေဦးမယ် ဆို

ဘယ်တော့များမှ ...။   ။





24th DECEMBER 2009

2 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးအားပေးသွားပါတယ်

Angelhlaing(May everybody be happy and healthy! said...

တစ်နေ့နေ့တော.....

ခံစားအားပေးလျှက်..

LinkWithin

Related Posts Plugin for WordPress, Blogger...