ကမ်းခြေမှာ လှိုင်းမောက်ကလေးတွေ
လွန့်တက်လာတာ ငေးမော …
မြူကျပေါက်သော လေပြေမှာ
ဆံဖျားလေးများ လှုပ်ခတ်ခိုက် လွင့်ဝဲ
သက်ဆိုးရှည်လှတဲ့ သဘာဝတရား အရ
ကျွန်တော်တို့ စိတ်ဖြေကြရအောင် …
ခင်ဗျား ပင့်သက်မှာ
ကျန်ရှိသော သက်တမ်း အတွက် မမောလျလိုက်နဲ့ …။
ထု နဲ့ ထည် နဲ့ ခက်ထန်မှု ဆိုတာလည်း
ဒဏ္ဍာရီထဲက ကမ္ဘာဦး သတ္တ၀ါတွေ သမိုင်းလို
စာတတန် ပေတတန် လောက်သာ ကျန်တော့ …
ဒီနေ့ အသံလွှင့်သံမှာ ကြားမိတာတော့ …
လူးတတ်ခတ်တတ်ရမယ် ဆိုလား …။
ဘယ် တံစက်မြိတ် အောက် ၀င် ခို´ ခို ပါလေ …။
မိုးကြမ်း လေကြမ်း လွတ်ဖို့ …
တစ်ခါက ကျွန်တော်တွေးဖူးသလို
ဒီ နှစ်ပိုင်း …
လူတော်တွေ ကျဆုံးတာ ´ များလို့ …
ပွဲတော် မှာ လူညံ့ သက်သက်ပဲ အသုံးတော်ခံမယ်
မဆုံးဖြတ်မိဖို့ …။
ဂြိုလ်ပြာ ဆိုတာလောက် အထိ မထည့်ပါနဲ့ …
လက်တစ်ဖောင် လက်တစ်ဖျား ဆီက
`ကျေးဇူးပါ´ ဆိုတာလောက် ကြားနိုင်ရုံ …။ ။
9th DECEMBER 2009
2 comments:
ကဗျာလေးကောင်းတယ်
ဒီ နှစ်ပိုင်း …
လူတော်တွေ ကျဆုံးတာ ´ များလို့ …
ပွဲတော် မှာ လူညံ့ သက်သက်ပဲ အသုံးတော်ခံမယ်..
အတွေး တော်တော်ကောင်းတယ်ဗျာ..
Post a Comment