Friday, August 2, 2013

ရွက်ကျပင် ရဲ့ ဥတု အပြောင်းအလဲ


အစောပိုင်း နှစ်ကာလများကလို   ....

ဒီနှစ်ဆောင်းမှာလည်း ...

ငါ ဟာ

အသိုက်ပြောင်းရဦးမယ့် ငှက်တစ်ကောင်ပဲ ဖြစ်တယ် ...


မေ့မေ့မောမော

အင်ဒီဝါဟိုးလ် ရဲ့ ၁၅ မိနစ်ကလည်း စေ့ခဲ့ပြီ

စိတ် အသေ ကို ဆင် သားရေ နဲ့ ဖုံးထား

နောက်ဆုံး ည အော်ပရာ မှာ

ငါ ဟာ

အပြုံး တပ်ဆင်မှု အင်အား လျော့နည်းခဲ့ကြောင်း ၀န်ခံလိုပါတယ် ...


တွန်းတွန်းတိုက်တိုက် လျင်လျင်မြန်မြန်

နည်းပညာ လို့ အမည်ပေးထားတဲ့ စစ်ပွဲမှာ

Virtual Memory ထဲ အောင်ပွဲတွေ အကြောင်းချည်း ထည့်ရေးထားတဲ့

မည်သူမျှ စိတ်ချလက်ချ အသုံးမပြုကြသေးတဲ့

Operating System တစ်ခု ရှိမယ်

Serial Key တော့ ပျောက်နေတယ်


မိန့်မိန့်မူးမူး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ

၁၉ ရာစု က ရုပ်ရှင်ကားဟောင်းတွေ ပြန်ကြည့်ဖြစ်

၂၀ ရာစု က သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ်

ဒီနေ့ သစ်တာ ဆိုလို့ ဒုက္ခ ပဲ ရှိတယ်


လွန်လေပြီးသော အဆိုအမိန့်များအရ

မှတ်သားသင့်တာကို မှတ်သားပြီး

ပြောင်းလဲသင့်တာကို ပြောင်းလဲနိုင်ရမယ်

..... အစရှိသဖြင့် .....

ပုံတူကားတွေ ...

ပုံတူကားတွေ ...

ကိုယ့် ကိုယ် ကို ပြန်မြင်နိုင်တဲ့ မှန် နဲ့

ငါ့ အခန်းနံရံမှာတော့ ...

ငါ့ ပုံတူကား ကို တစ်ခါတစ်ခါ ကြည့်ဖြစ်ပါတယ် ။    ။


                                                                            


   7:50AM 2nd August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...