လှေကားထစ်ကို စလှမ်းနေရင်းက
ခါးလယ်က ပြတ်ထွက်သွားစေမယ့်
ဆုံးဖြတ်ချက်မျိုးကို ချဖြစ်ရလောက်အောင်
အဲဒီ့ ည က မှောင်ခဲ့တယ် ။
စိတ် နဲ့ ခန္ဓာ မှာ
ဖြစ်သမျှ ဒဏ်ရာတွေကို လျစ်လျူရှုလို့
မီးပန်းရောင်စုံတွေနဲ့ တောက်ဖြာလက်ရှနေဖို့ ဆိုတာမျိုး …
ချာတိတ်ကို မျက်နှာမငယ်စေဖို့ ဆိုတာမျိုး …
သူ့အလိုလိုလည်း တွေးထားတတ်ခဲ့ပါတယ် ။
အဲဒီတုန်းဆီကပေါ့ …
တကယ့်ကို လေးလေးနက်နက်ပဲ
နှင်ထုတ်လိုက်လို့ပါ ဆိုတာ
အများတကာကို ၀န်ခံရလောက်အောင်
စိတ်က မ၀ံ့ရဲပြန်ဘူး ။
ပြီးပါပြီ ပြောတာလေးလောက်နဲ့
လမ်းခွဲ´ကနေ
တိတ်တိတ်လေး လှည့်ထွက်မလာခဲ့တာတော့
ပြန်တွေးဖြစ်လိုက်တိုင်း သေချာခဲ့
အဲဒီ အဆုံးသတ်
အခုထိ မပြတ်မသား ရှိနေသေးတာကပဲ
ခန္ဓာကိုယ် တခြမ်းမှာ
အားမလို အားမရ ဖြစ်နေစေပြီး
နောက် ခန္ဓာ တခြမ်းမှာ
မီးတောက်ဆီ ငြိမ်းလိုက်ဖို့
လှမ်းနေဆဲ
ဒီလက်ကို
တွန့်ဆုတ်သွားစေပါတော့တယ် ။ ။
14th JUNE 2007
No comments:
Post a Comment