Friday, August 23, 2013

သတိတရ

ငါ့ရင်ခွင်ထဲ
နောက်ဆုံး မင်း အိပ်စက်ခဲ့ချိန်ကလို …

သတိရစိတ်က
အသက်ရှူခြင်းကို ပိုပြီး နွေးထွေးစေခဲ့
ဒီနေ့ နဲ့ အဲဒီညက
… ဆိုတဲ့ အတွေးမျိုး နဲ့
ငါ ဟာ
တဘ၀တာလုံးကို နုံးယဲ့နေမိတော့…

စဉ်းစားလေ သတိရလေ
သတိရလေ စဉ်းစားမိလေ
မစဉ်းစားမိတဲ့ အခါ သတိရသွား
သတိ မရတဲ့ အခါ စဉ်းစားမိ
……….
အခါခါ ပြန်တွေးတိုင်း
အငွေ့အသက်တွေက အတွေ့အထိလို

ဒီ အချိန်ဆိုရင် မင်းလည်း …
သတိမရချင်တော့ ပါဘူး ဆိုမှ စဉ်းစားမိ
မစဉ်းစားချင်တော့ ပါဘူး ဆိုမှ သတိရမိလိုက်
ဘယ်လိုလဲ …
ဒီ တစ်သက် မမေ့နိုင်တော့ တာ
တကယ် သေချာသတဲ့လား …

ဒီလိုနဲ့
တွေးချိန်တန်လို့တွေး
လွမ်းချိန်ရောက်လို့ လွမ်းနေမိတဲ့
စိတ်တို့ အကြောင်း
မင်း´တော့ မသိစေချင်။   ။

 



3rd MAY 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...