Thursday, August 22, 2013

နားလည်မှုတရား အပြည့်အ၀ ထွန်းကားရာ မြို့


ချစ်သူရေ …

စိတ်ကိုထားတဲ့ အထားအသိုမှာ

ဥဒဟရုဏ် မှားခဲ့မိပါတယ် ။

မနက်ဖက် အလင်းတို့မှာ

မင်းမို့ မရှိရင်

တနေ့လျားတာလုံး

မှိန်ဖျော့ငိုက်တွဲ နေတော့တာပါ ။


ငါ့ကို ခွင့်လွှတ်ပါ ။

အိပ်စက်ခြင်းမှာ

အဖုအထစ် ဖြစ်သွားခဲ့မယ် ဆိုရင်

လိုသလို ထုဆစ်လို့ မရခဲ့တဲ့

ငါ့ ကံတရားအပေါ် ခွင့်လွှတ်ပေးပါ ။


အဲဒီ နေ့က

မင်းဘေးမှာ အတူရှိမနေတာက လွဲပြီး

မင်းစိတ်အတိုင်း ထပ်တူ

ငါ့ရင်ပြင်နီ မှာလည်း

အလွမ်းကို ထစ်ချုန်းသွန်းဖျစေခဲ့ရပါတယ် ။


ယုံပါ …

နှလုံးသွေးတိုးသံ တို့ကို

သက်သေထားပြီး ပြောလိုက်ပါတယ် ။

ဒီကောင့်စိတ်ဆီက

သတိရတဲ့ အသံကို

မင်းကိုသိဖို့ မပြောမိလိုက်သလို

မင့် ရင်တဖိုဖို မှာလည်း

အသက်ရှူဖို့ကိုတောင်

နောက်ကျိ ရှုပ်ထွေးခဲ့လို့ ပါပဲ …


ပြောပြဖို့ မလိုအပ်တော့ဘူး လို့ပဲ

ထားမယ်ဆို ထားလိုက်စို့ ကွယ် …

မြူမှုန်လိုေ၀၀ါးပျောက်ကွယ်သွားကြမယ့်

အကြောင်းတရားတို့ကြောင့်တော့

ငါတို့ သစ္စာတရားကို

`လူလားမြောက်ခွင့်´ မထိပါးစေလို ။

ထွက်သက်တစ်ရှိုက် အထိ

တွေးထားမိတဲ့ ငါတို့လမ်းမှာ

ငါ့လက်ကို မင်းတွဲထားဖို့ ပဲ

လိုအပ်သလို

မင့် ခြေလှမ်းတလျှောက်ကို

နေလို မီးလို တောက်ဖြာစေဖို့ပဲ

ငါကလည်း

စိုစိုပြေပြေ တွေးထားလို့ …။   ။





10th MAY 2007

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...