Thursday, August 22, 2013

နွေဦးအိပ်မက်



အချစ်ရေ …

ငါ့ ၀င်လေ ထွက်လေ တို့ကို

ကကြိုးဆင်ထားပါတယ်။

တောင်ကျရေကြမ်းတွေ

ဆီးနှင်းမုန်တိုင်းတွေ

မင်း ဖြတ်သန်းရင်းက

ပျင်းပျင်းရှိတဲ့ အခါ

အာသာပြေ စီးနင်းဖို့ …။


ဒဏ်ရာ အစုံနဲ့

ညလေညှင်းလို

ငါ့အတွေးတွေဆိုလည်း

မင်းပဲ ယူထားပေါ့…

ရံဖန်ရံခါ

ကစားမြူးတူးဖွယ်ရာ

နေရာထိုင်ခင်း တစ်ခုလို …။


အဖြစ်ကို အပျက်နဲ့ ပြီးမြောက်စေ

နိဒါန်းဟာ နိဂုံးဆီ တဖြေးဖြေး လှမ်းနေ

ဟိုးတုန်းကလေ ဆိုတာတော့

တခါတခါ …

ပြန်တွေးကြည့်ဖို့ ကောင်းတာမျိုး လောက် ပဲ


အသိမ်မွေ့ဆုံး

မေ့ဖျောက်နေရပါပြီ …

ကြည်နူးပီတိ ဆိုတာလည်း

နည်းနိုင်သမျှ နည်းလေ

ပိုပိုပြီး

တန်ဖိုးရှိနေသလို ပေါ့ …။






PM 9:30 SUNDAY 29th April 07

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...