ကဝေမီးတောက်
တောပန်းကလေးတွေရဲ့အပြောက်အမွမ်းမျိုးနဲ့
သူမ … ကခုန်တယ်။
ပဲပြားနွယ်ကလေး လိုလည်း ကျင့်ခဲ့ပါတယ်။
ထုဆစ်ရာ ကြမ်းတမ်း ပညာသည်
အနုထည်ကလေးမှာ …
အသက်ဓာတ်ကို လိုအပ်သလို
ကိုယ့်ကိုယ်ကို မိုးထားတဲ့ အမိုးက အရောင်မှားခဲ့ …
တရံတဆစ်ဆီက …
လပြည့်ညကလေးထဲ
ဘာတွေ ထုံမွှမ်းခဲ့ပါသတဲ့လဲ …
ထသွားထလာ အခါခါမှာ
ဝိဥာဉ် ရဲ့ နေရာ အတွက်
ဥပေက္ခာကိုပဲ အတင်းပြဌာန်းရ
မိုးစုန်းစုန်းချုပ်တော့လည်း
အိမ်ပြန်ခဲ့ရပေါ့
နွေကိုသာ ရောက်စေမှန်း သိရင်
ဒီဆောင်းကို အတောမသတ်ခဲ့ပါဘူး။
အိပ်ရာက နိုးတော့
မျက်လုံးကို ဖွင့်လိုက်တယ်။
ငါဟာ အသက်ရှူမိတာတောင်
စိတ် မပါ့တပါ …။ ။
25th June 2006
No comments:
Post a Comment