Wednesday, August 14, 2013

မိန်းမ တစ်ယောက် အပေါ် သင် တကယ်ပဲ စုံစုံမက်မက် ချစ်ခဲ့ဖူးပါသတဲ့လား


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်ဖို့ရာ
သူမ အပေါ် နားလည်နိုင်ဖို့ ဆိုရင်
သူမ စိတ်တွေဆီ အတွင်းကျကျ သိမြင်ဖို့ လိုအပ်ရဲ့
အတွေး တိုင်း ကို ခံစားမိနိုင်ဖို့
အိပ်မက် အလုံးစုံ ဆီ မြင်မက်နိုင်ဖို့
သူမ ပျံသန်းလိုတဲ့ အခါ အတောင်ပံတွေ နှင်းအပ်ပေးဆပ်နိုင်တာမျိုး
သူမ ထံပါး
ကူတွယ်ရာမဲ့ တွဲမှီမိရင်း သင့်ကိုယ် သင် ရှာဖွေတွေ့ရှိနိုင်တာမျိုး
တကယ်ပဲ မြတ်မြတ်နိုးနိုး ရှိခဲ့ပြီ ဆိုတာ သိနိုင်ရဲ့


သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ ဟာ တကယ်ပဲ ပြင်းပြင်းပျပျ တောင့်တမှု ဖြစ်ကြောင်း
သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ သာ တစ်ဦးတစ်ယောက်တည်းသော စုံမက်သက်ဝင်မှု ဖြစ်ကြောင်း
ဒါက အမြဲတမ်း အတွက် နောက်ဆုံး ဖြစ်ကြောင်း
သူမ ကို တစ်စုံတစ်ယောက်က ပြောဖို့ ရှိလာတဲ့အခါ
ဒီတော့ ...
သင် တစ်ကယ်ပဲ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး
မိန်းမတစ်ယောက်ကို ချစ်ခဲ့ပြီလား ဆိုတာ ပြောပါ


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်ဖို့ရာ
သူမ သင့် ကို  ဘယ်လောက်တောင် နီးစပ်ထိတွေ့နေချင်လဲဆိုတာ သိလာတဲ့အထိ
သူမ ကို ထွေးပိုက်ထားလိုက်ဖို့
သင့် သွေးစီးမျောရာ တလျှောက်မှာ
သူမ ရဲ့ အငွေ့အသက် အစုံစုံ ပျော်ဝင်ခဲ့သလို
ခံစားမိသည် အထိ
သူမ  မေတ္တာတရား နဲ့ သင့် အသက်ဓာတ် ကို သက်ဝင်စေဖို့  
သူမ မျက်ဝန်းတွေမှာ
သင့် ရဲ့ မဖြစ်တည်သေးလေတဲ့ မျိုးဆက်တွေ အကြောင်း
တွေးသိလာသည် အထိ
တကယ်ပဲ မြတ်မြတ်နိုးနိုး ရှိခဲ့ပြီ ဆိုတာ သိနိုင်ရဲ့


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်မိတဲ့အခါ
ပြောပါ
သူမ ဟာ တကယ်ပဲ ပြင်းပြင်းပျပျ တောင့်တမှု ဖြစ်ကြောင်း
သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ သာ တစ်ဦးတစ်ယောက်တည်းသော စုံမက်သက်ဝင်မှု ဖြစ်ကြောင်း
သူမ အတွက် သင် က အမြဲတမ်းအတွက် အတူရှိဖို့ရာ
သူမ ကို တစ်စုံတစ်ယောက်က ပြောဖို့ ရှိလာတဲ့အခါ
ဒီတော့ ...
သင် တစ်ကယ်ပဲ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး
မိန်းမတစ်ယောက်ကို ချစ်ခဲ့ပြီလား ဆိုတာ ပြောပါ


သူမ ကို တင်းတင်းကြပ်ကြပ် ထွေးပိုက်ပြီး
သူမ ကို ယုံကြည်မှု အချို့ ပေးအပ်ဖို့ လိုအပ်ရဲ့
နွေးထွေးကြင်နာမှုလေး တစ်ခု နဲ့
ယုယနွေးနွေး ရှိဖို့
အဲဒီ့မှာ ... သူမ က သင့်တွက်ရာ ဖြစ်လာမှာ
သင့် ဂရုစိုက်စောင့်ရှောက်မှု တို့ကိုလည်း လက်ခံမှာ
သင့် မိန်းကလေး အပေါ်
သင် တကယ်ပဲ မြတ်မြတ်နိုးနိုး ချစ်ရဲ့ ဆိုတာ
ဒီလိုနဲ့ သေချာခဲ့ပေါ့ ...


TRANSLATED BY





14th August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...