Thursday, August 22, 2013

တစ်လှမ်းလှမ်းတိုင်း အလွမ်းနဲ့ ပဲ ဆုံးတယ်


နီယွန်ရောင်လေး ပြပြ

ည က အဲဒီ့လို မှောင်တာ ...

ဥဒဟို အသံတွေထဲ

တိတ်တိတ်လေး ငေးမောကြည့်

ကိုယ်စိတ်နှလုံး အလုံးစုံ ဟာ တိုးလျနေ ...

ဘယ်သူ့ ဘယ်သူမှ ထင်သာမြင်သာ မတွေ့ရ

ဘယ်သူ့ ဘယ်သူမှ နွေးနွေးထွေးထွေး မထိရ

ဖြတ် ' ခနဲ ... လက် ' ခနဲ

တောက် ' ခနဲ ... စူး ' ခနဲ

ခဏ ခဏ ခဏ

တံခါး တစ်ဖက် စေ့ထား

ဆိုက်ရောက်လာရင် ကြိုဆိုနိုင်ပါ့မလား

သူလိုငါလို ပါပဲလေ

ကိုယ့်ကိုယ် ကို ကာကွယ်ဖို့ အတွက်

အလွမ်းသက်သက် စစ်ဆင်ထားလိုက်တော့တယ်။    ။





3rd September 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...