Wednesday, August 14, 2013

ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း



အလွင်…..
တတိယမျက်လုံးနဲ့ ကြည့်မှ မြင်မယ့် အာရုံမျိုး…
အက္ခရာတွေသက်သက်ပဲ
ဖော်ကျူးထားသော စိတ်ကူးမို့
ယုံနိုင်စရာလို့တော့ မထင်ရပါဘူး။
သောတကို အမြင့်ဆုံး ဖြန့်ထားပြီး
အတွေးချည်း ပုံဖော်ရမယ့် နည်းပညာ
ရိုးသားခြင်းက အခမ်းနားဆုံး ချပ်ဝတ်တန်ဆာ ဖြစ်ရ
ခံစားမှု အကြောင်း ပြောကြတဲ့အခါ
ဘယ်တုန်းကများ…..
အလိုအလျောက် နားလည်သွားမှု ထက်
တွေ့ဆုံဆွေးနွေးမှုတွေက အခရာ´ကျခဲ့ပါသတဲ့လဲ…
စကားလုံးတွေတောင် သိပ်ကြီး လိုအပ်လှတာတော့
မဟုတ်ဘူး။
တကယ့်တကယ်
တစ်ယောက်ရှိတဲ့ အတိုင်း
တစ်ယောက်က သိဖို့ဆိုတာက
အလုံးစုံ နွေးဖျပုံအပ်ခြင်း သက်သက်ပဲ ဖြစ်နေတတ်တာမျိုး…။        ။




21st August 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...