Saturday, August 10, 2013

တိတ်တဆိတ်



ထပ်ပြောရရင် သတိရသမျှ ... လွမ်းဆွတ်ရသမျှ

အကြောင်းတွေချည့် ထပ်နေရော့မယ် ... ။

ဒီအတိုင်းပဲ ထားလိုက်စို့ ... ဆို

ဟိုတစ်ရက် ...

ကိုယ့် ကိုယ် ကို လေးစားဖို့ လျော့ကျခြင်း က

စ " ရလိမ့်မယ် ထင်တယ်

ရှက်တော့ ရှက်တာပေါ့ ...

သဘာဝ က သဘာဝ

ပုထုဇဉ် က ပုထုဇဉ်

ဘယ် ပုရိသ က များ

ဘယ်က္ကိတ္ထိယ အတွက်

တွေးစိတ်တွေ အကြောင်း ရိုးသားစွာ ဖွင့်ချရဲခဲ့သတဲ့လဲ ...

ကျွန်တော်လည်း ... မပြောရဲပါဘူး

ခင်ဗျားလေး အပေါ် ဘယ်လောက် တွေးနေမိမှန်း မသိလို့

ကိုယ့် ဘာသာ ကိုယ်

တိုးတိုးလေး

ထားလိုက်တော့တယ် .... ။    ။





PM 11:00 PM 5th August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...