Thursday, August 22, 2013

ကန်ရေ ကို ဖြတ်ပြန်လာတဲ့ လေညှင်း


ဘယ်ခြေ အတက်မှာ ကတည်းက

မြူဆိုင်းလမ်းကို ဖြတ်ခဲ့မိပေါ့ …

တောင်တောင်အီအီ ကစဥ့်ကလျားနဲ့

ရင်ကွဲနာလေးတော့ လူလားမြောက်လာ

မင့်မာယာတွေဆီ ပြစ်မှားမိတဲ့

ဝဋ်နာကံနာ ကြောင့်လည်း

အခုလို ညတွေမှာ

ကြယ်ငေးသူ ဖြစ်မှန်းမသိ ဖြစ်လာ


ထားရာနေ စေရာသွားဖို့လေးမှ

ဆုတောင်းမပြည့်တာပါ

မမေ့နိုင်လို့သာ

စဉ်းစား ………. စဉ်းစား

တွေး ………. တွေး နေမိ

သွေးတိတ်မယ့် ခဏ ဆိုတာလည်း ဝေးလွန်း…


ငါ့နံဘေးမှာ မင်းရှိတယ် ဆိုတဲ့ အသိ နဲ့ မို့

ဒီ ခရီးကို လျှောက်ခဲ့

အခုလို အခုစ အခုဆုံး

အမြန်ဆန်ဆုံး ဇာတ်သိမ်းမျိုး ဆိုတော့လည်း

ရခဲ့တဲ့ အနာတရတွေကိုပဲ

တယုတယ တွယ်ဖက်နေရမလို


ရှိုက်သံငင်သံ တို့နဲ့

ပျိုးခဲ့ ပြီးပြီမို့

အကာလ ထက် ပိုပြီးမှောင်တဲ့

အခိုက်အတန့်တွေမှာ

ဟောကြည့် ... အခုတော့ ... ကျားသားမိုးကြိုး …

ငါက

လူအဖြစ်ကို ဂုဏ်တင်ချင်လာပြန်ပေါ့ …။   ။




4th November 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...