ဘယ်သူ စိုက်ပျိုးတဲ့ တောအုပ်လဲ…
နေပြောက် ထိုးလောက်စရာ မရှိအောင်ဘဲ
ပိန်းပိတ်လှချည့်…
ပန်းတိုင်း ပွင့်ဖူးခွင့် ရှိသော နွေဦးမှာတောင်
ကိုယ့်အမှောင် နဲ့ ကိုယ် လုံလောက်နေခဲ့
ဒီ ခင်တန်း ဒီ ချိုင့်ဝှမ်း
ဒီ ဆူးရိုင်း ချုံခက်တွေ ဖြန့်ကျက်လို့
နက်သထက် နက်ကြောင်း
တော´ က တော´ ပီသထားရဲ့
လေမိုး ပြက်ထရာ…
မြောက်လေ သုန်နွဲ့ရာ…
သစ်ကြီး ၀ါးကြီး ကျွမ်းမြိုက်ရာ…
ချောင်းရိုးတလျှောက်လို တသွင်သွင်ပေါ့…
ညှင်းသွဲ့ လင်းလဲ့သော အခါ မရှိ၊
စိုးစီ ရစ်သီသော အခါ မရှိ၊
နှစ်စဉ် နှစ်စဉ်
အုံ့ဆိုင်းလာသော အမှိုင်းအမွှားများပဲ…..
နေ့စဉ် နေ့စဉ်
သိုင်းရီလာသော အနွယ်အခက်များပဲ…..
အရိုင်းဆန်ထားပြီး…
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်ဘဲ
ကြမ်းထ သွေ့နွမ်းမှုသက်သက်သာ
အထပ်ထပ် တော်လည်းပဲ့တင်ထားတော့…..တယ်။ ။
နေပြောက် ထိုးလောက်စရာ မရှိအောင်ဘဲ
ပိန်းပိတ်လှချည့်…
ပန်းတိုင်း ပွင့်ဖူးခွင့် ရှိသော နွေဦးမှာတောင်
ကိုယ့်အမှောင် နဲ့ ကိုယ် လုံလောက်နေခဲ့
ဒီ ခင်တန်း ဒီ ချိုင့်ဝှမ်း
ဒီ ဆူးရိုင်း ချုံခက်တွေ ဖြန့်ကျက်လို့
နက်သထက် နက်ကြောင်း
တော´ က တော´ ပီသထားရဲ့
လေမိုး ပြက်ထရာ…
မြောက်လေ သုန်နွဲ့ရာ…
သစ်ကြီး ၀ါးကြီး ကျွမ်းမြိုက်ရာ…
ချောင်းရိုးတလျှောက်လို တသွင်သွင်ပေါ့…
ညှင်းသွဲ့ လင်းလဲ့သော အခါ မရှိ၊
စိုးစီ ရစ်သီသော အခါ မရှိ၊
နှစ်စဉ် နှစ်စဉ်
အုံ့ဆိုင်းလာသော အမှိုင်းအမွှားများပဲ…..
နေ့စဉ် နေ့စဉ်
သိုင်းရီလာသော အနွယ်အခက်များပဲ…..
အရိုင်းဆန်ထားပြီး…
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်ဘဲ
ကြမ်းထ သွေ့နွမ်းမှုသက်သက်သာ
အထပ်ထပ် တော်လည်းပဲ့တင်ထားတော့…..တယ်။ ။
3rd August 2009
No comments:
Post a Comment