မျှော်လင့်ချက် တချို့က
လက်ကျန်ပစ္စည်းများလို ကုန်ဆုံးရက် နီးကပ်လာ .....
အတိတ်ကို မေ့ပစ်ရခြင်း ထက်
အနာဂါတ်ကို မေ့ပစ်ရခြင်း က ကြိမ်ရေ များပြားလာ .....
ကိုယ့် ဒုက္ခ ကိုယ် ပြောပြမိခြင်း က ပဲ
သွေးအားနည်းနေသလိုလို စွပ်စွဲခံရ .....
ဘဝမှာ
ဒူး လောက် တင်တိုင်းလည်း ရင် လောက် မကျခဲ့
စဉ်းစားတတ်သလောက် သိသိနေတဲ့ကြား
ကိုယ့်ကိုယ်ကို လိမ်ပေးနေရခြင်းက ခက်တော့တာပါပဲလေ
လူဦးနှောက် နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ပေါ်လာဦးမတဲ့
တကယ်ဆို
လူနှလုံးသား နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ထွင်ဖို့
ခင်ဗျားတို့ အရင် ကြိုးစားသင့်ပါတယ်
ဦးနှောက် နဲ့ အလုပ်လုပ်ကြရတာထက်
နှလုံးသား နဲ့ မစာနာနိုင်ကြတာက
ပိုများမယ် မဟုတ်လား
ငယ်သေးတဲ့ ကလေးတွေကို မေးသလို မေးကြည့်ချင်တယ်
အချိန်တွေ ကြာလာရင်
ကျွန်တော်တို့ ဘာတွေများ ဖြစ်လာမတဲ့လဲ ... ။ ။
PM 10:15 7th August 2013

No comments:
Post a Comment