Thursday, August 22, 2013

ကျဆုံးခဲ့သော နေ့ရက်များ



ရာသီဥတု အခြေအနေက

မနက်ဖြန်ဆို …

… နေသာမယ် ။

ဘ၀ပြဌာန်းချက်က ဗန်ဂိုး

ပိုးးစိုးပက်စက် ဖြစ်လိုတာက

အလက်ဇန္ဒား ဒူးမက်စ် …။

ဒါဟာ ဘ၀နေနည်း ပါတဲ့ …

စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့

ရောက်လာတဲ့ ကစားသမားသစ် အတွက်

ဗိုလ်လုပွဲ´ ကို အဝေးကွင်း မှာ သွား´ကစားပေးရတယ်

သမရိုးကျ ပဲ …

ငါတို့ … ရှူံးတယ် …။

ညနေမှာ နေ၀င်မယ်´ ဆိုတာတောင်မှ

မသေချာမှု နိယာမ´တဲ့ …

`သားကို သခင်၊ လင်ကို ဘုရား´ စာတန်းကိုတော့

အိမ်နံရံမှာ ကပ်ထားတယ်။

ဒါဟာ လောင်းကစားပွဲ ပါကွဲ့ …

ငါ့မှာတော့ …

မျက်နှာရိပ် မျက်နှာကဲ မကြည့်တတ်လို့ …

တစ်ချပ်မက မှောက်ထားတဲ့ ပွဲတွေမှာ ရှူံးပြီးရင်း ရှူံး …။

တကယ် အဆုံးသတ်မှာ

ပျော်ရွှင်စွာ ပေါင်းသင်းသွားကြလေသတည်း´တော့

လူတိုင်း ဖြစ်ချင်ခဲ့တာ

ပုထုဇဉ် ဆိုတော့လည်း

တကိုယ်ရေ တကာယ အင်္ကျီ ကိုပဲ ၀တ်ဆင်ရမြဲ …

ညည်းသံတွေ ကြားခဲ့ဖူးပါတယ်

လူသား ဆန်ဆန်

ကမ္ဘာကြီး ပူနွေးလာမှုကို မျက်ကွယ်ပြုလို့

တော်ဖလာ ရဲ့ အဆိုအမိန့်ကို

အငြိမ့်သား ငြင်းပယ်လို့

ငါတို့ …

အဲဒီ့ ဘ၀ဆင်းရဲ ထဲကို ခုန်ဆင်းကြရအောင် ပေါ့

ကိုယ့်ကိုယ် ကို မှ လူလားမမြောက်သေးခင်က တွေးခဲ့ကြ

မိုးရွာမယ်´ အသံကြားတော့လည်း

ဒီ ထန်းလက် နဲ့ သာ ကာခဲ့ရ

ကိုယ့် စားကျက် ကိုယ်လည်း

ကောင်းကောင်း ခြေမချရဲတော့

အမေကတော့

ငိုရပေါင်း များလှပြီ

မင့်လူရည် မလည်လိုက်ပုံက

ရိုးလွန်းတော့ အ´ဆိုသလို

တစ်ဖက်အသင်းက

ဂိုးမသွင်းတာကိုမှ

ကိုယ့် အစွမ်းအစ လို့ ယုံမှတ်မှားခဲ့ …။    ။





PM 6:00, 21st June 2006

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...