Tuesday, August 20, 2013

တစ်ရောင်ချင်း ဖြာဆင်းလာသော အာရုဏ်ခင်း




သွေ့နွမ်းပြီးသော မိနစ်များကို ထားခဲ့စို့...

မနက်ဖြန်အတိုင်း မိုးသောက်ရဲပါရဲ့လား။

ပခုံးချင်းဝင်တိုက်ရာက

ကျန်နေတဲ့ နှစ်သုံးဆယ်စာလောက် အတွက်

လက်´ကမ်းထား...

ဖ၀ါးချပ်မျှ လှမ်းချင်မှတော့ လိုက်

အဲဒီ့လမ်းက နည်းနည်း´ကြမ်းချင်တယ်။


ရင်အစုံကို ခိုကိုးပြီး ပွင့်မယ့်ပန်းအတွက်

မိုးကြားလေကြားတော့ ပျံ့သင်းစေရပါ့မယ်

ဒီနေ့မှာ ပထမဆုံး ပျိုးကြဲခဲ့တယ် ပဲ

တွေးထားဖို့

အသိမ့်နွေးဆုံး လူမှုဆက်ဆံရေး အကြောင်း

ဆွေးနွေးကြရအောင်

တံခါးရွက်က ဟ´ထားရုံလေး...

ယုံကြည်ရဲရဲ ဖွင့်လှမ်းရဲဖို့ လို

အဆိုး´ ဆိုတာတွေ ထားပါဦး

ကိုယ်စီ အိပ်မက်အရ

ဘယ်လောက် ခမ်းနားချင်ကြတယ် ဆိုတာက

အခု အထင်ကရ ဖြစ်လာနေ...။    ။





31st August 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...