တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ .....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိလေတဲ့
ဘုရားသခင် ရဲ့ ကောင်းချီးပေးမှု တစ်ခု
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
လွှတ်'ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း သိကြရလိမ့်...
ဒီလိုနဲ့ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ...
ပြီးသွားရမယ့် သာမန်ကိစ္စတစ်ခု ကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလိုအပ်လို့
နောက်ဆုံး ...
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
သက်ရောက်မှု အလုံးစုံမှာ
တစ်စွန်းတစ်စမှ မရိုးသားခြင်း မရှိဖို့။ ။
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ .....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိလေတဲ့
ဘုရားသခင် ရဲ့ ကောင်းချီးပေးမှု တစ်ခု
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
လွှတ်'ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း သိကြရလိမ့်...
ဒီလိုနဲ့ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ...
ပြီးသွားရမယ့် သာမန်ကိစ္စတစ်ခု ကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလိုအပ်လို့
နောက်ဆုံး ...
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
သက်ရောက်မှု အလုံးစုံမှာ
တစ်စွန်းတစ်စမှ မရိုးသားခြင်း မရှိဖို့။ ။
PM 10:30, 10th September 2008


No comments:
Post a Comment