Thursday, August 22, 2013

ညနေ


မှုန်ရီညိုနွဲ့ အလင်းတို့ နဲ့ ညနေ …

လရောင် ရဲ့ တိမ်းမူးခြင်းများဆီ

ရွေ့လှမ်းနေသူ ညနေ …

တနေ့လျားတာလုံး

တမေ့တမော နေအိုအို ဆီက

နှုတ်ဆက်တွေးချင်းများ နဲ့ ညနေ …

အိပ်တန်းပြန်သူတွေ အတွက်

နွမ်းလျ အိမ်အပြန်ကို

နှစ်သိမ့်သူ ညနေ …

မကြာမီ ရောက်ရှိလာမယ့်

ကြယ်တာရာ ခင်းကျင်းပွဲကို

တခမ်းတနား ကြိုဆိုသူ ညနေ …

ဒီနေ့ ရဲ့ ညနေ …

ပြီးခဲ့သော နှစ်များဆီက ညနေ …

တနယ်တကျေးက ညနေ …

မြစ်ကမ်းနဖူးဆီက ညနေ …

တောင်ခါးပန်း တောတန်းကလေး ဆီက ညနေ …

ကလေးဘ၀ ဆီက ညနေ …

ဆည်းဆာ အပြုံးတွေကို

တကိုယ်လုံး ဆင်မြန်းထားသူ ညနေ …

တရောင်ချင်း မှိန်ဖျော့လေသော

ခွဲခွာခြင်းများ အစား

နွမ်းရိ မောလျ နေလိမ့်သူတို့ အတွက်

နှစ်သိမ့်ခြင်း ပြယုဂ် ညနေ …

သိပ်ကြီး မထူးခြားမှုများကိုပဲ

အသွေးသစ်ဆုံး တင်ဆက်နေကြ ညနေ …

……………….. ညနေ

……………….. ညနေ

……………….. ညနေ

အနင့်နဲဆုံး တမ်းတချိန်များ ရဲ့ အထွဋ်

ပိုပြီး လွမ်းဆွတ်ဖို့ ကောင်းတဲ့ ဒီ ညနေမှာ …

စိတ်လွတ်ကိုယ်လွတ်

ဒီ ညနေ ကို လိုက်ကြည့်ကြဖို့

ကျွန်ုပ်တို့ ခဏပဲ ဖြစ်ဖြစ်

အရာရာက ငံ့လင့်လိုက်ရအောင် …။   ။






15th March 2007

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...