Saturday, August 10, 2013

ပြောစရာရှိတာ ပြောရမယ် ဆိုရင် ...



ဘ၀ ဆိုတာ

ဒုက္ခကို တစ်စက်မကျန် ညှစ်ထည့်ထားတဲ့

သံပုရာရည် တစ်ခွက်ပါပဲ

ချဉ်ဖြုံးဖြုံး ရှသက်သက် ...

အရှေ့လေ တိုက်ရင်

နဂါးလှည့် သင့်ရင်

လုပ်ဖြစ်ကောင်း လုပ်ဖြစ်နိုင်တဲ့ အိပ်မက်တချို့

လွင့်ဝဲ ...

ပြန်ပြောမဆုံး အဖြစ်ရဆုံး က

ဟိုအရင်ကလို ...

အချိန် တွေ အကြောင်းပဲ

တင်ဆက်နေကြ သတင်းများကလည်း

ထုတ်ပြန်ခွင့်ပြုထားရာ ...

သာသာယာယာရှိကြောင်း နဲ့ ထွေလီကာလီ မှုခင်းများပဲ

အပ်ကြောင်းထပ် ...

တစ်ယောက် က တစ်ယောက်ကို လိမ်တယ် ဆိုတာ

အစပိုင်းတော့ ...

ဒီလို ပျော်စရာ ကောင်းသလိုလို ရှိတာချည်းပါပဲ

အလိမ်ခံရတဲ့ ကြိမ်ရေ နဲ့ နှစ်ကာလ တွေ များလာရင် သာ ...

တခါတုန်းက

အဆိုအမိန့် တစ်ခု အကြောင်း ပြန်သတိရမိတယ်

ပြောမှ သိတာ လူ" မဟုတ်ဘူး ဆိုပဲ ... ။    ။






PM 9:25 7th August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...