Saturday, August 10, 2013

ပြန်ပြောပြဖို့ အခက်ဆုံး က ၀ဋ်နာကံနာပဲ



သိပ်ရချင်လွန်းတဲ့ အရာတွေ ဆို

မေ့ပစ်လိုက်ရတတ် သ တဲ့

လုပ်ယူလို့ ရတဲ့ အရာတွေ ရှိသလို

လုပ်ယူလို့ မရနိုင်တာတွေလည်း ရှိ

ကိုယ့် တယော ကိုယ် ထိုး

ကိုယ့် အမော ကိုယ် ဖြေ

သံစဉ် စ ကြားရတိုင်း ... ဒါ ကို သီချင်း လို့ မထင်သင့်ဘူး


တွေးတောတာ နဲ့ ဆင်ခြင်တာကို ပေါင်းပြီး ပြောတတ်ကြတယ်

ဒါဆို တွေးတောဆင်ခြင်တတ်တယ် ဆိုတာကမှ

ပြည့်စုံပေမပေါ့ ...

အိပ်မက်တွေ မက်နေရတာ မော လို့

မအိပ်ဘဲ နေရမယ် ဆို

ဒါက လည်း ...

လမ်းမှန်ကမ်းမှန် ဖြေရှင်းနည်း မဟုတ်နိုင်ပေဘူး


စိတ်အန်ဖတ်တွေ အန်ထုတ်လိုက်

ကဗျာတစ်ပုဒ် ရေးလို့ပဲ ဖြစ်ဖြစ်

ဂစ်တာတီးရင်း ချွေးစို့လာအောင်ပဲ ဖြစ်ဖြစ်

ရုပ်ရှင်တစ်ကားမှာ အချိန်တစ်ခုစာ ထည့်သုံးလိုက်တာပဲ ဖြစ်ဖြစ်

နောက်ဆုံး ...

ပေါ့ပါးချင်ယောင်ဆောင်ထားတဲ့ ခရီးတိုလေး တစ်ခုလောက်

ထွက်လိုက်တာပဲ ဖြစ်ဖြစ်ပေါ့


လွတ်လပ်စွာ လွမ်းဆွတ်သတိရခြင်း ဆိုတာ

အများသူငါ ကို မထိခိုက်စေဖို့ ပဲ လိုမယ်

ဝင်္ကဘာ ထဲ ရောက်နေတဲ့ သူ အဖို့

ဝင်္ကဘာတွေ အကြောင်း ဘယ်လို သင်ယူမတဲ့လဲ

လွတ်မြောက်ဖို့ တစ်ခုပဲ တွေးနေမပေါ့

ဟိုတုန်းက အကြောင်းတွေတော့

ပြန်မပြောလိုတော့ပါဘူး

မနက်ဖြန် မနက်ဖြန် နဲ့ အစာအိမ် နံရံက

မြည်နေတဲ့ အသံ နဲ့ ပဲ

အိပ်မိလေသလား မသေချာတဲ့ ည က နိုးထလာခဲ့လိုက်တယ် ။    ။






PM 11:00 9th August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...