Thursday, August 8, 2013

သိစေချင်တယ်



တိုင်းဆလို့ မရတဲ့ ... နှိုင်းချင်လို့ မရတဲ့ ခြင်းရာတွေထဲ

အဲဒါလေးတစ်ခု အတိအကျ ပါဝင်ကြောင်း .....

ညီမလေး ကို သိစေချင်တယ် ...

တစ်ခုခု ပြောမှ တစ်ခုခု သိရမယ့် အခြေအနေလို

နာလိုခံခက် မဖြစ်စေချင်ခဲ့ရိုးလည်း ... အမှန်ပါ ...

အစပြီး အစ ၊ အစ' ကနေ ပဲ ပြန်' စ နေရတာလည်း များပြီ

တစ်ခုခု ပြီးရင် ဘာဆက်ဖြစ်နိုင်မလဲ စောင့်ကြည့်နေရတာလည်း မောပြီ

ခံစားမှု မပါဘဲ နာကျင်မှု မပါဘဲ စကားလုံးတွေ မထွက်တာလည်း ကြာပြီ

လက်လှမ်းမှီရာဆီ သွေးသားလို တပ်လှန့် နှိုးဆော်ရတာလည်း ရှိခဲ့ပြီ

ဒါဟာ .. တကယ်တော့ ...

ပြန်ပြောပြချင်ရုံသက်သက် ပါ ပဲ ကွယ် ...

ဒီလိုနဲ့ပဲ ... ငါတို့မှာ ... အသက်တွေသာ ကြီးလာခဲ့တော့တယ် ... ။     ။

 



PM 10:30 PM 5th August 2013

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...