တစ်ခါ တစ်ခါ
ငါတို့ ဟိုးအဝေးကြီးတွေဆီ တွေးဖြစ်တဲ့အခါ ....
အိမ်မက်တွေ ကျွန်းမျောတွေ ...
ရာသီစာ ပေါက်ရောက်မှုတွေ ...
ထပ်ဖန်တလဲလဲ စိတ်ကူးတွေ ...
ခါတော်မှီ ဒဟတ်ပန်းလို အတွေးတွေ ...
တချို့မှာ ကျဆုံးသွားကြပါစို့ရဲ့ ...
သူတို့တွေ သင်းပျံ့သလို ငါတို့ မွှေးကြိုင်ကြပါစို့ရဲ့ ...
သူတို့တွေ သင့်ရာသလို ငါတို့ ကြိုင်သင်းကြပါစို့ရဲ့ ...
သူတို့တွေ ငေးမောသလို ငါတို့ ငိုက်တွဲကြပါစို့ရဲ့ ...
အခါခါ အလီလီ ထပ်ချည်းတလဲလဲ စိတ်ကူး ...........
ဘယ်တရံရောဆီကမှ မဖြစ်တည်နိုင်လေတဲ့ အိပ်မက်တွေ နဲ့ ...
ကိုယ့် မနက်ဖြန် ကိုယ် ထုဆစ်
ဘယ်လို ရုပ်ဒြပ်မှ မဖြစ်တည်နိုင်လေမှန်းလည်း
သိခဲ့
မထူးခြားနားလေတဲ့ လေသံနဲ့
ဒီဘက်က အသံကို စတင် တီးမှုတ်ခဲ့
ဒါကပဲ အသီးသီး စတင်ရာ
နီယွန်တွေ မမှိုင်တဲ့ မြို့အကြောင်း ပြောကြစို့
ဘာတစ်ခုမှ ပြန်လည်ချယ်သီစရာ မလိုအပ်
ဘာတစ်ခုမှ ပြန်တည်ကျော့သွေးစရာ မလိုအပ်
ဘာတစ်ခုမှ ပြန်လည်ခိုသွေးစရာ မလိုအပ်
ကိုယ့် ဒြပ်ထည် နဲ့ ကိုယ်
ကျူးရင့် ...
သူမ နှုတ်ဆက်ကြောင်း ပြောကြား
ဂွပ် ´ ခနဲ ဖုန်းချသံ ...
နောက်ဆုံး သာစေမာစေ ဆုတောင်းစကားနဲ့ ဘာနဲ့
အခုထက်ထိ ငေးမော
မဖြစ်တည်နိုင်တော့လေတဲ့
တွေးအလျဉ်များနဲ့ ဖင့်နွဲ
၁၉၉၉ ကတည်းက
ကျွန်တော်ဟာ သေဆုံးခဲ့ပြီးသား ဖြစ်တယ် ။ ။
17th November 2012
No comments:
Post a Comment