လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ဖို့
ရွေးချယ်စရာတွေတော့ ရှိတတ်
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
အဲဒီ့လက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..21st August 2009
No comments:
Post a Comment