နှုတ်ခမ်းနီ ၀တ်ထားတဲ့
တူညီဝတ်စုံတွေ ဖြတ်ပြေးသွားတယ်.....
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လွန်ခဲ့တဲ့ နှစ် ၅၀ က မျက်မှန်ကိုင်းကြီးများနဲ့
ခါးဆိုလည်း မတ်ထားတယ်။
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
ဘယ်လမ်း ဘယ်ကို ဆိုတဲ့ မြေပုံသိရုံ နဲ့
မသွားဘဲ ရောက်ပြီးထားသလို အိုက်တင်မျိုး
ဆယ့်လေးငါးကျပ်တန် သရော်ပြုံး
တွဲခိုတတ်တုန်းပဲလား။
မင်းက ဘယ်နေရာက ကြည့်နေတာလဲ။
လေ၀င်လေထွက်လည်း ကောင်းခဲ့ကြပါတယ်...
ဘာကောင်ကြီး ထွက်လာမလို အသံမျိုးနဲ့
တစ်နေကုန်ပဲ ထိုင်အော်နေတော့မလား
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လန်းတယ် ဆန်းတယ် အနုံဥာတ အာ' နဲ့
စိတ်ကို ကျောင်းထား...
ယောဂတွေမှာပဲ ခံစားနေဆဲလား...
သူတို့က မင်းကို တစ်နေရာက ကြည့်သွားတာ...။
ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲပဲ ပြောပေါ့။
ပြီးမှ ဘာလေးညာလေး လုပ်ချင်မိတယ်ညှိ
ဘာမှမသိတဲ့သူတွေ ကျန်နေဦးမှာပါလေ...
နွေ.....ပါပဲ
အလျှောက်အလှမ်းကတော့ နွေ...ပါပဲ
အ၀ိုင်းနဲ့ ကြက်ခြေခတ် ကစားသော ကလေးအထာ
မကျေညက်လို့သာ
ထပ်ထပ် ကစားရတာလို့ သဘောထား
ငါတို့.....
ဒီလို ပြောဖြစ်ကြတာတောင်
နှစ်သံသရာလောက်က
ငြိဖူးခဲ့ကြတာ ရှိသေးလို့...။
ဘေးဘီဝဲယာထက်
အာရုံစိုက်သင့်တာကတော့
မင်းက ဘယ်နေရာမှာ ရှိနေတာတဲ့လဲ။ ။
21st August 2009
No comments:
Post a Comment