Saturday, August 17, 2013

CHATTING


ပြီးပြီးရောပဲ ပြောနေကြတော့မလား...။

ငါတို့ ဂဃနဏ သိဖို့ လိုအပ်လာ...

စိတ်ကို မသတ်နဲ့

အနာဂါတ်ကို အဆိပ်မခတ်နဲ့

ရိုးသားမှုအလျဉ် အတိုင်း လှော်ခတ်ကြဖို့

Nice to meet you လို့တော့ စ´ပြောခဲ့ကြတာချည်း

ဘယ်သူ့ ဘယ်သူမှ အပန်းဖြေစရာ လို့သာ မထင်ကြေး

ကိုယ်ကျင့်တရား နဲ့ သီလ အကြောင်း

အထင်ကရ ဂုဏ်တင်သော နိုင်ငံမှာ

သူတို့ သိက္ခာမဲ့သလို မင်းလည်း.....။


လွတ်မြောက်ကြရအောင်ပါ...

အနီးစပ်ဆုံး တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်ပေါ့

ဘယ်လောက် ကျေးဇူးပြုခဲ့ဖူးသတဲ့လဲ...။

တွေးလိုက်...

မှိုင်းတိုက်နေတဲ့ လောင်းရိပ်ကတော့ ရှိနေမှာ

ကိုယ့် ၀င်လေထွက်လေနဲ့ ကိုယ် ရှင်းမြဖို့ပဲ စဉ်းစား

တစ်ခေတ် တစ်ယောက်အထိတော့ မလိုအပ်ပါဘူးကွယ်

အိပ်ရာဝင်...

တနေ့တာအပေါ် ကျေနပ်ဖို့မျှ.....။    ။





29th August 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...