Tuesday, August 20, 2013

သင်းကွဲ



ချို (ဂျို) တပ်ပြီး မွေးလာခဲ့လို့များ
မင်းကို မင်း နွား´လို့ သတ်မှတ်ရော့သလား။
တကယ်တော့
ဒီတောဒီတောင်မှာ
မင်းက ကျားတစ်ကောင် ဖြစ်တယ်။

သားရဲတွင်းတွေဆီ ခေါ်သွား
အစာဆိုတာ
နွေပေါက်မှပဲ ရတတ်မယ် ထင်မထားနဲ့
တကယ်က
ဒီတောဒီတောင်မှာ
မင်းက ကျားတစ်ကောင်ပဲ ဖြစ်တယ်။

ဘယ်ကောင်တွေနဲ့မှ
ဝေးရာကိုလည်း
သွားဖို့ မရှိပါဘူး …
တောပြောင်းလိုက်တာကမှ
အန္တရာယ် ရှိချင် ရှိဦးမယ် …

မင်းခြေ မင်းလက် နဲ့
မင်းထွင်တဲ့ လမ်း မင်း လျှောက်
တောခြောက်ခံရမယ် ချည်းပဲ တွေးမထားနဲ့
ကိုယ့် ထက်
မာယာ´ သာတဲ့ကောင် ဆိုရင်တော့
ကိုယ့် ကို စားသွားလိမ့်မယ်ပေါ့
တကယ်က
ဒီတော ဒီတောင်မှာ
မင်းက
ကျားတစ်ကောင် သာ ဖြစ်တယ်

ထောင်ချောက်တွေလည်း ရှိမယ်
မုဆိုးတွေလည်း ရှိမယ်
ရေကြီးတာလည်း ရှိမယ်
တောမီး ဆိုတာတွေလည်း ရှိလိမ့်မယ်
မင်း မေ့မထားဖို့ရာကတော့
ဒီတော ဒီတောင်မှာ
မင်းက
ကျားတစ်ကောင်
အကယ်စင်စစ် ဖြစ်တယ်

အစာကို စိတ် နဲ့ မျှားဖို့ ဆိုတာထက်
စိတ်ကို အစာတပ်မျှားတတ်ဖို့ ပိုကြိုးစား
ကိုယ့် ဂူဝလေး ခြောက်သွေ့နေသရွေ့
မင်း ခြေရာတွေကို ဘယ်သူမှ တွေ့ဖို့ မလွယ်ကူပါဘူး

တိုက်ခဲ့ ခိုက်ခဲ့ တာတွေတော့ ပြီးခဲ့ ပါပြီ
ကျားနာခဲလေး တောာ့ ခဲ့နိုင်ဦးမယ်
သစ်၊ ၀ါးတွေ လောက် နဲ့တော့
ထောင်ချောက် တွေ လာမဆင်ထားနဲ့ ပေါ့
မင်းတို့ တွေ မေ့မထားရမှာက
ဒီတော၊ ဒီတောင်မှာ
ငါကလည်း
ကျားတစ်ကောင် ဖြစ်တယ် ဆိုတာပါပဲ …။





9th November 2006

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...