Friday, August 23, 2013

နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး


ဘယ် လက်ခတ်နဲ့ ခတ်ခတ် သံစဉ်မှန်ဖို့

သူများ ကွေးညွှတ်အားမှာ ရင်သပ်ရှုမောနေတာ က

ခပ်များများ ...

တစ်ခေတ်က အိပ်မက်တွေနဲ့လည်း ပျိုလွင်နေတတ်

တံလျှပ်တွေ ပြက်ပြက်ထပြီး

နေ' ကို ညှို့ယူပြဦးမယ် ...

တိမ်မည်းတွေ ညို့ညို့သွေးပြီး

လ' ကို ဖမ်းစားပြဦးမယ် ...

နဲ့ ...

မင်းမို့ တိုက်စားသွားရင်

မြေနုသဲဝှမ်းချည်း ဖြစ်မယ် ထင်

သူတကာ ကို ညာချင်နေတုန်း

ဘယ်အမှောင်နဲ့ မှလည်း လာ' လာ' လင်း မပြပါနဲ့

လုပ်ပြလိုက်ရရင် ... ဆိုတဲ့

မျက်လှည့်ဆရာ တောလားကြီးနဲ့

အလမ္ပာယ် ပြက်လုံးချည်း ထပ်နေ ..

ကိုယ့် အသက်ဓါတ်နဲ့ ကိုယ် စည်းချက်ကျပြီ တဲ့လား

မိုးရိပ်လွှမ်းပြီးမှ

သင်းလာတဲ့ မြေနံ့အရတော့

အိပ်မက်တစ်ဆင်စာလုံး ပျိုးကြဲတတ်ဖို့ပဲ လို ။    ။





15th September 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...